နောက်ဆုံးသတင်း/ဆောင်းပါးများ

ခွင့်ပြုချက်ဖြင့် နေအိမ် ပြုပြင်သူ တစ်ဦးထံမှ စ.ရ.ဖ က ငွေ ၆ သိန်း ညှစ်



MYARF
RB News
28.11.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာ အုပ်စု၊ အကွက် (၁) နေ ဦးဒိလ်မာမတ် (ဘ) ဦးဇော်ဘောရ်မျာ၏ နေအိမ်သည် ဇူလိုင်လတွင် တိုက်ခတ်ခဲ့သော ကိုမန် မုန်တိုင်းကြောင့် ဖျက်ဆီးသွားခဲ့သဖြင့် ယခုလ အစောပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ သစ်တော ဌာနတို့မှ ခွင့်ပြုချက် ရယူပြီး ၎င်း၏ နေအိမ်ကို ပြုပြင် မွမ်းမံခဲ့သည်။ 

ထိုသတင်းကို ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၆) မှ စ.ရ.ဖ တပည့် ရှိရှာက ညောင်ချောင်းရှိ စ.ရ.ဖ ဒု-တပ်ဆွယ်မှူးအား သတင်းပေးပို့ ခဲ့သောကြောင့် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် စ.ရ.ဖ ဒု-တပ်ဆွယ်မှူးက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ညောင်ချောင်း တာဝန်ကျ သစ်တော ၀န်ထမ်း တို့ကို ခေါ်၍ ဦးဒိလ်မာမတ်၏ အိမ်သို့ သွားရောက်ခဲ့သည်။ အိမ်ရှင်ကို ခေါ်၍ မေးမြန်းကြရာ အိမ်ရှင်က သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူခဲ့သည်ဟု ဖြေကြားသဖြင့်၊ စ.ရ.ဖ ဒု-တပ်ဆွယ်မှူးက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သစ်တော ၀န်ထမ်း တို့ကို မေးမြန်းရာ ၎င်းတို့ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံ ပြောဆိုခဲ့သည်။ 

သို့သော်လည်း စ.ရ.ဖ ဒု-တပ်ဆွယ်မှူးက ငါတို့ထံမှ ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိဟု ဆိုကာ အိမ်ကို ဓါတ်ပုံ ရိုက်ယူ၍ အိမ်ရှင်ကို စ.ရ.ဖ ရုံးသို့ လာရောက် တွေ့ဆုံရန် ပြောဆိုသွားခဲ့သည်။ အိမ်ရှင်ဖြစ်သူ တရားဝင် ခွင့်ပြုချက်ဖြင့် နေအိမ် မွမ်းမံ ပြုပြင်ခဲ့သဖြင့် စ.ရ.ဖ ရုံးသို့ သွားရောက် တွေ့ဆုံခဲ့ခြင်း မပြုခဲ့ပေ။ ထို့ကြောင့် စ.ရ.ဖ ဒု-တပ်ဆွယ်မှူးက ၎င်း၏ တပည့်ဖြစ်သူ ရှိရှာနှင့် အတူ ဦးဒိလ်မာမတ်၏ နေအိမ်သို့ မကြာခဏ သွားရောက်၍ မလိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

အကြိမ်ကြိမ် နှောက်ယှက်မှုများ ပြုလုပ်နေသောကြောင့် အိမ်ရှင် ဖြစ်သူ ဦးဒိလ်မာမတ်က စ.ရ.ဖ ရုံးသို့ သွားရောက် တွေ့ဆုံခဲ့ရာ စ.ရ.ဖ ဒု-တပ်ဆွယ်မှူးက အမျိုးမျိုး ခြိမ်းခြောက် ပြောဆို၍ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus