နောက်ဆုံးသတင်း/ဆောင်းပါးများ

ယာခင်းမှ ပဲတောင့်ရှည် အပင် စားမိသည့် နွားကြောင့် နွားပိုင်ရှင်မှ ငွေကျပ် ၄ သိန်းလျော်ရ



RB News
7.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ရေနောက်ငါးသား ကျေးရွာအုပ်စုမှ ဦးအီဆာခ် (ဘ) ဦးနူရ်အာမောတ် (အသက် ၆၇ နှစ်) ထံမှ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့က ပူးပေါင်း၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၃) ရက်နေ့တွင် ဦးနူရ်အာမောတ်၏ နွားတစ်ကောင်သည် ဒိုင်းနက်လူမျိုး ဦးမောင်သာ (ဘ) ဦးမောင်ဇော်သစ်၏ ယာခင်းမှ ပဲတောင့်ရှည် အပင်မှ ပဲတောင့်ရှည် အနည်းငယ် စားမိသည်ကို ယာခင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်ဟု စွပ်စွဲပြီး၊ ပဲတောင့်ရှည် စားသည့် နွားနှင့် အခြားသော နွား (၃) ကောင်ကို ဦးမောင်သာ ကဖမ်းဆီးသွားပြီး ၎င်း၏ အိမ်သို့ ခေါ်ဆောင်သွားပြီး (၄) ရက်တိတိ အစာမကျွေးဘဲ ချုပ်နှောင် ထားခဲ့သည်။ 

ထိုကိစ္စနှင့် ပတ်သက်ပြီး နွားများ ပိုင်ရှင် ဖြစ်သူ ဦးနူရ်အာမောတ်က ရေနောက်ငါးသားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြားခဲ့သည်။ စခန်းမှူးက ဦးမောင်သာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ဆင့်ခေါ်ကာ မေးမြန်းရာ ငွေကျပ် (၁၀) သိန်းပေးမှသာ ကျေနပ်ပါမည်ဟု ပြောဆိုရာ၊ စခန်းမှူးက ၎င်းအနေဖြင့် ဤပြဿနာကို ဖြေရှင်း ပေးနိုင်မည် မဟုတ်ကြောင်း၊ ၎င်း၏ အထက် အာဏာပိုင်များကိုသာ တိုင်ကြားရန် ပြောဆိုခဲ့သည်။ 

အောက်တိုဘာလ (၂၆) ရက်နေ့တွင် ဦးမောင်သာက နွား (၄) ကောင်ကို အတူယူဆောင်၍ ငရန့်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် တိုင်ကြား၍ နွားများကိုလည်း အပ်နှံခဲ့သည်။ ထို့နောက် စခန်းတာဝန်ခံက ဦးနူရ်အာမောတ်ကို ဆင့်ခေါ်၍ လျော်ကြေး အဖြစ် ငွေကျပ် (၄) သိန်း အတင်းအဓမ္မ ပေးဆောင် စေခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus