နောက်ဆုံးသတင်း/ဆောင်းပါးများ

BROUK ဥက္ကဌ ဦးထွန်းခင်နှင့် တူရကီ သတင်းဌာန တွေ့ဆုံ မေးမြန်းခန်း



RB News
13.11.2015

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) ဥက္ကဌ ဦးထွန်းခင်က တူရကီနိုင်ငံမှ သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် “ကျွန်တော်တို့ ရိုဟင်ဂျာတွေက ၁၉၉၀ ခုနှစ်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံခဲ့ပြီး၊ ရိုဟင်ဂျာ ပါတီ တွေကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မဟာမိတ်ဖွဲ့ပြီး အလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာ လူနည်းစုကို တစ်ဖက်သတ် လူမျိုးတုန်း သတ်ဖြတ်မှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့ခြင်းကို အင်မတန်မှ ၀မ်းနည်းခဲ့ရတယ်။ နိုင်ငံတကာ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးသလို တစ်ချိန်တည်းမှာ ၂၁ ရာစုမှာ သုံးသန်းခန့် ရှိတဲ့ ရိုဟင်ဂျာ လူမျိုးတို့ ခံစားနေရတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို အရေးတကြီး ဦးစားပေး လုပ်သင့်တယ်။ အစိုးရသစ်ကို ဦးဆောင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ စိန်ခေါ်မှုတွေ ရှိနေမှာ သေချာပါတယ်။ အဓိက ၀န်ကြီးဌာနများ ဖြစ်တဲ့ ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန များရဲ့ ၀န်ကြီး နေရာတွေကို စစ်တပ်က ခန့်အပ်မှာ ဖြစ်တဲ့ အတွက် နိုင်ငံတော်ရဲ့ လူနည်းစုတွေကို ထိခိုက်လွယ်တဲ့ လုပ်ရပ်တွေကို ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံတွင် ယခုလာမည့် ပါလီမန်တွင် မွတ်စလင် အမတ် တစ်ဦးတစ်ယောက်မှ ရှိမည် မဟုတ်ကြောင်း၊ မြန်မာ့သမိုင်းတွင် ရိုဟင်ဂျာ တိုင်းရင်းသားများ မဲပေးခွင့်၊ အမတ်ဖြစ်ရန် ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်ကို ပထမဆုံး အကြိမ် အဖြစ် ပိတ်ပင်ခဲ့ရသည့် အတွက် အထူးဝမ်းနည်းကြောင်း၊ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အောင်ပွဲကို ပျော်ရွှင်စွာ ဆင်နွဲနေချိန်တွင် ရိုဟင်ဂျာများသည် မိမိတို့၏ မွေးရပ်မြေတွင် မဲပေးခွင့် မရသောကြောင့် စိတ်အားငယ်စွာ နေခဲ့ရကြောင်း၊ ရိုဟင်ဂျာများလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်မှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သလို NLD ၏ အောင်ပွဲကိုလည်း တကယ် ၀မ်းပန်းတသာ ဖြစ်ရကြောင်း၊ NLD အစိုးရဖွဲ့ပြီး အုပ်ချုပ်ရေးတွင် စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေသည့် အတွက် အမေရိကန်၊ ဗြိတိန် အနေနှင့် ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုကို အရေးပေါ် ဦးစားပေး ဆောင်ရွက် ပေးစေလိုကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်က ထုတ်လွှင့်ခဲ့သည့် Al Jazeera မှ Genocide Agenda, International State Crime Initiative School of Law, Queen Mary University of London, Yale Law School နှင့် Fortity Rights တို့က လူမျိုးတုန်း သတ်ဖြတ်မှု၏ သက်သေ အထောက်အထား များကို လေ့လော တွေ့ရှိထားသည့် အတွက် နောက်ကျမှု မဖြစ်စေဘဲ ရိုဟင်ဂျာ အရေး အပေါ် ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


Comment ရေးရန်

Rohingya Exodus