နောက်ဆုံးသတင်း/ဆောင်းပါးများ

သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် သစ်ခုတ်၍ နေအိမ်ပြုပြင်သူများ ငွေညှစ်ခံရ



MYARF
RB News
9.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာနှင့် ကျွဲတက်ပြင် ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာ အချို့သည် သက်ဆိုင်မှ ခွင့်ပြုချက် ရယူပြီး တောင်မှ သစ်ခုတ်၍ ၎င်းတို့၏ နေအိမ်များကို ပြုပြင်ခဲ့သည်။ ၎င်းတို့ ခွင့်ပြုချက် ယူခဲ့ရာတွင် ညောင်ချောင်း အခြေစိုက် သစ်တော ၀န်ထမ်းထံမှလည်း ခွင့်ပြုချက် ရယူခဲ့သည်။

၎င်းတို့နေအိမ်များ ပြုပြင်ပြီးနောက် ညောင်ချောင်း အခြေစိုက် သစ်တောဝန်ထမ်းက ညောင်ချောင်း ရခိုင်ရွာမှ မောင်ရေနှင့် ကာနာယာ၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စုမှ အာယုဖ် (ဘ) ဦးရှောရီးဟူစိန်း တို့နှင့်အတူ အိမ်ပြုပြင်သူများ၏ နေအိမ်များသို့ သွားရောက်၍ နေအိမ်ပြုပြင်ရန်သာ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ တောင်မှ သစ်ခုတ်ရန် ခွင့်မပြုခဲ့ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ --

(၁) နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဦးဖော့ယာဇူ (ဘ) ဦးရော်ရှိတ်၊ ကျွဲတက်ပြင် ကျေးရွာ -- ညှစ်ခံရငွေကျပ် (၇) သောင်း

(၂) နိုဝင်ဘာလ (၅) ရက်နေ့တွင် ဦးဟာရှိမ် (ဘ) ဦးမာမတ်ဆော်ယာဒ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာ --ညှစ်ခံရငွေကျပ် နှစ်သောင်းငါးထောင်

(၃) ဒီဇင်ဘာလ (၁) ရက်နေ့တွင် ဦးအာမာန်အုလ္လာ (ဘ) ဦးအာဘူဘော်ကော်ရ်၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာ -- ညှစ်ခံရငွေကျပ် ငါးသောင်း

(၄) ဒီဇင်ဘာလ (၄) ရက်နေ့တွင် ဦးနူရ်ကော်ရိမ် (ဘ) ဦးအာဘူ၊ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာ၊ ညှစ်ခံရငွေကျပ် တစ်သိန်း -- တို့ဖြစ်သည်။ 

ထိုနည်းဖြင့် ညောင်ချောင်း အနီးတ၀ိုက်ရှိ အခြားသော ကျေးရွာသားများ ထံမှလည်း ငွေညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus