နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား နှစ်ဦးကို မြန်မာ စစ်တပ်က သတ်ဖြတ်ပြီး အလောင်း များကို ၀ှက်ထား



MYARF
RB News
19.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း နယ်စပ် မိုင်တိုင် အမှတ် (၄၆) ခြံစည်းရိုး အနီး ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အချို့က ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ထင်းခုတ်ရန် လာရောက်ခဲ့ရာ မိုင်တိုင် (၄၆) ရှိ မြန်မာ့စစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦး သေနတ်ထိမှန်၍ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ထင်းခုတ်ရန် လာသူများမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူ၏ အလောင်းကို မသယ်ဆောင်နိုင်ဘဲ ထွက်ပြေး သွားခဲ့ကြသည်။ 

ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လူနှစ်ဦး ရောက်ရှိလာပြီး သေဆုံးသူ၏ အလောင်းကို သယ်ဆောင် သွားရန် ကြိုးစားရာ မြန်မာစစ်တပ်က ထပ်မံ၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ထိုသို့ ထပ်မံ ပစ်ခတ်မှုကြောင့် နောက်ထပ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦး သေနတ်ထိမှန်၍ သေဆုံးသွားခဲ့ပြီး ကျန်သည့် တစ်ဦး ထွက်ပြေးသွားခဲ့သည်။ 

သေဆုံးသူနှစ်ဦး၏ အလောင်းများကို မြန်မာစစ်တပ်က ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံဘက်သို့ သယ်ဆောင်လာပြီး ၀ှက်ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ စစ်တပ်၊ BGP (BDR) များရောက်ရှိလာပြီး၊ မြန်မာဘက်မှလည်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ နည်းဗျူဟာမှူး၊ တပ်ရင်းမှူး တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ မြန်မာစစ်တပ်က ၎င်းတို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း မရှိဟု လိမ်ညာ၍ ပြောဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အလောင်းနှစ်လောင်းကို လွှဲပြောင်းပေးရန် ဆက်လက် တောင်းခံလျက် ရှိကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus