နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူမှ နယ်ခြားစောင့်ရဲ များက ဒေသခံ (၃) ဦးထံမှ ငွေညှစ်



Rohingya Eye
RB News
17.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ အလယ်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဒီဇင်ဘာလ (၉) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ဘောက်ရှုဖာရာရွာသို့ သွားရောက်၍ ဒေသခံ ရွာသားများ၏ နေအိမ်များကို ရှာဖွေ စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ရွာသား (၃) ဦးကို ဘင်္ဂလား ဆင်းမ်ကဒ်များ မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူ (၃) ဦးမှာ -- 

(၁) ဦးအေနာမ်မူလ္လာ (ဘ) ဦးဇော်လာလ် (အသက် ၃၅ နှစ်) - ညှစ်ခံရငွေကျပ် ၃ သိန်း ၅ သောင်း
(၂) ဦးရှာဇာန် (ဘ) ဦးအီဗြာဟိမ်း (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၂ သိန်း
(၃) ဦးနူရ်ဆာလာမ်၏ သမီး (အသက် ၃၅ နှစ်) - ညှစ်ခံရငွေကျပ် ၂ သိန်း -- တို့ဖြစ်သည်။ 

ငွေညှစ်ခံရသူများမှာ ငွေကြေးတတ်နိုင်သူများ မဟုတ်ဘဲ၊ ဆင်းရဲသားများ ဖြစ်ပြီး၊ နယ်ခြားစောင့်ရဲ များ၏ ခြိမ်းခြောက်မှုကြောင့် ချေးငှား၍ ပေးလိုက်ရသဖြင့် အလွန်ပင် စိတ်ထိခိုက် နေကြသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus