နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း၊ ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ရွာသားများကို လုပ်ကြံ၍ ငွေညှစ်



MYARF
RB News
3.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ပြိုင်းတောင်ရွာမှ ဦးအီဗြာဟိမ်း (ဘ) ဦးဟာဖီးဇ်အာမတ်၏ သမီး ဖြစ်သူ ဒေါ်နူရ်ကော်လီမာသည် နိုဝင်ဘာလ (၂၃) ရက်နေ့က အိမ်နီးချင်း အမျိုးသမီး တစ်ဦးနှင့် စကားများခဲ့သည်။ အိမ်နီးချင်း ဖြစ်သူတစ်ဦးက ကျေးရွာ အုပ်ချုပ်ရေးမှူးကို တိုင်တန်း ခဲ့သောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးက စကားများသူ အမျိုးသမီး နှစ်ဦးလုံးကို ခေါ်ယူ စစ်ဆေးပြီး ဖြေရှင်းပေးခဲ့သည်။

နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်ကို ကျော်၍ ဒေါ်နူရ်ကော်လီမာ၏ ဖခင် ဦးအီဗြာဟိမ်းကို ဆင့်ခေါ်ပြီး ခြိမ်းခြောက်ကာ ငွေကျပ် ၇ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒေါ်နူရ်ကော်လီမာသည် အိမ်ထောင်ရှိသူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ခင်ပွန်းနှင့် အတူနေသည့် အတွက် ဖခင်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသော်လည်း ကျေးရွာ တာဝန်ခံက ရရှိသည့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 

နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဖရုံချောင်း ကျေးရွာအုပ်စုမှ ဦးအလီဇူဟာရ်ကို တစ်ရွာတည်းနေ ဆွေမျိုးတစ်ဦးက ဘူးသီး တစ်လုံး လက်ဆောင် ပေးခဲ့သည်။ အဆိုပါ ဘူးသီးကို ယင်းရွာမှ ဦးအာဘူကာလာမ်၏ ကွမ်းခြံမှ ခိုးယူခဲ့သည်ဟု ပိုင်ရှင် ဖြစ်သူက တိုင်တန်းခဲ့ကြောင်း ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက လုပ်ကြံပြောဆိုပြီး၊ ကျေးရွာ တာဝန်ခံနှင့် တပည့် ဦးမာမတ်ဆာလေ (ဘ) ဦးဆုလ်တာန် တို့က ဦးအလီဇူဟာရ်နှင့် ရှစ်နှစ်သား အရွယ် ကလေးငယ် တို့ကို ခေါ်ယူလာပြီး ဘူးသီးခိုးယူခဲ့သည်ဟု စွပ်စွဲကာ သားအဖ နှစ်ဦးစလုံးကို ရိုက်နှက် ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့သည်။

Comment ရေးရန်

Rohingya Exodus