နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုန်းကြီးကျောင်း ဆောက်လုပ်ရန် ရဲမှူးက ဒေသခံ ရိုဟင်ဂျာများထံမှ သစ်များ အတင်းအဓမ္မ တောင်းခံ



MYARF
RB News
13.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာအုပ်စု၊ ရခိုင်ရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်များက သြဂုတ်လတွင် ရခိုင် အမျိုးသမီးငယ် တစ်ဦးနှင့် ကျောင်းတိုက်ထဲတွင် ဖောက်ပြန်ခဲ့သည်။ ထိုသတင်းကို ၎င်းရွာမှ ရခိုင်များနှင့် အင်းဒင် ကျေးရွာအုပ်စု န.တ.လ ရွာမှ ရခိုင်များ သိရှိသွားပြီး န.တ.လ များက န.တ.လ ရွာတွင် သီးသန့် ဘုန်းကြီး ကျောင်းတစ်ကျောင်း တည်ဆောက်ရန် ကြိုးစားနေစဉ် ရွေးကောက်ပွဲ စည်းရုံးရေး ကာလ၌ န.တ.လ များက ပြည်ခိုင်ဖြိုးပါတီကို မဲပေးမည်ဟု ပြောကြ၍ ပြည်ခိုင်ဖြိုးက ပါတီ ငွေကျပ် သိန်း ၃၀၀ ထောက်ပံ့ခဲ့သည်။ 

ထို့နောက် နှစ်ရွာလုံးမှ ရခိုင်များ ညှိနှိုင်း၍ ၎င်းကျောင်းတိုက်ကို ဖျက်သိမ်းပြီး ယင်းနေရာ၌ပင် ကျောင်းသစ် ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ကျောင်းအသစ် ဆောက်လုပ်ရန် သစ်စုဆောင်းရာတွင် အင်းဒင် စခန်း (စခန်း ၁၈) မှ စခန်းမှူး ရဲမှူးလင်းလင်းနိုင်က သစ် ၁၂ တန် လှူဒါန်းမည်ဟု ပြောကြားခဲ့သည်။ ထိုသစ် ၁၂ တန် ရရှိရန်အတွက် ရဲမှူးလင်းလင်းနိုင်က အင်းဒင်၊ သင်္ဘောကွေ့၊ ကျောက်ပန္ဓူ ကျေးရွာများရှိ သစ်ခုတ် ထုတ်လုပ် ရောင်းချသူများကို ဆင့်ခေါ်၍ တစ်ရွာလျှင် သစ် (၈) တန်စီ ပေးရမည်ဟု အမိန့် ထုတ်ပြန်ခဲ့သည်။ တစ်ရွာလျှင် သစ် (၈) တန် ကောက်ခံလျှင် (၃) ရွာမှ သစ် (၂၄) တန် ရရှိမည် ဖြစ်သည်။ ၎င်းက ဘုန်းကြီးကျောင်း အတွက် (၁၂) တန်သာ လှူဒါန်းမည်ဟု ပြောကြားခဲ့ပြီး၊ ယခု ကောက်ခံရာတွင် (၂၄) တန် ရရှိအောင် ကောက်ခံလျက် ရှိသည်။ ယခုဆိုလျှင် ယင်းကျေးရွာ သုံးရွာမှ သစ် (၄) တန် ကောက်ခံ ရရှိပြီး ဖြစ်သည်။ ကောက်ခံ ရရှိသော သစ်များမှ သစ်အချို့ကို ရဲမှူးလင်းလင်းနိုင်က သစ်အညံ့စား ဖြစ်၍ လက်မခံနိုင်ဟု ဆိုကာ ပြန်ပေးပြီး သစ်မာများ တောင်းနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

သစ် (၂၄) တန်မှ သစ် (၄) တန်သာ ရရှိပြီး ကျန်သည့် သစ်များကိုလည်း အမြန်ဆုံး ပေးရန် သစ်ခုတ် ထုတ်လုပ် ရောင်းချသူ များကို ရဲမှူးက ဖိအားပေး ခြိမ်းခြောက်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ သို့ဖြစ်၍ ယင်းကျေးရွာ (၃) ရွာမှ သစ်ခုတ် ထုတ်လုပ် ရောင်းချသူများမှာ သစ်ခုတ် ထုတ်လုပ်နိုင်သမျှ သစ်များကို ဘုန်းကြီးကျောင်း အတွက် ရဲမှူးအား ပေးနေရသဖြင့် ရောင်းချရန် သစ်မရသောကြောင့် စားဝတ်နေရေးပင် ကျပ်တည်းမှုနှင့် ရင်ဆိုင် နေရသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus