နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တပ်နှင့် နယ်ခြားစောင့်ရဲ များကို ငွေပေးမှ ငါးဖမ်း စက်လှေများ ငါးဖမ်းခွင့်ရ



Rohingya Eye
RB News
9.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ (ခလုံး) ကျေးရွာမှ ငါးဖမ်း စက်လှေများကို စက်တင်ဘာလမှ စ၍ ပင်လယ်ပြင်သို့ ထွက်ခွာခွင့် ပိတ်ပင် ထားခဲ့ရာ နိုဝင်ဘာလ (၁၂) ရက်နေ့မှ စ၍ ထွက်ခွာခွင့် ပြုခဲ့သည်။ 

ဦးအာမီးန်အုလ္လာ (ဘ) ဦးကာလူး (အသက် ၄၅ နှစ်) အပါအ၀င် (၆) ဦးပါသော စက်လှေ တစ်စီးသည် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ငါးဖမ်း၍ ပြန်လာစဉ် အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း နှစ်ခုကို ငွေကျပ် (၈) သောင်းပေးခဲ့ရပြီး၊ သင်္ဘောကွေ့ (ခလုံး) အခြေစိုက် တပ်မတော် စစ်စခန်းကို ငွေကျပ် (၄) သောင်း ပေးခဲ့သော်လည်း လက်မခံဘဲ ငွေကျပ် (၁၅) သိန်း တောင်းခံခဲ့သည်။ ငါးဖမ်းသမားများက ငွေမပေးသဖြင့် (၆) ဦးစလုံးကို ဖမ်းဆီး ချုပ်နှောင်၍ ညှဉ်းပန်းနှိပ်စက် ခဲ့ရာ စက်လှေထိန်း ဦးအာမီးန်အုလ္လာ၏ ကျောဘက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ယနေ့ အချိန်ထိ အိပ်ရာမှ မထားနိုင် ဖြစ်နေသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ထို့အပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော် စစ်စခန်းတို့မှ တောင်းခံသော ငွေကို မပေးသောကြောင့် အဆိုပါ ရွာရှိ ငါးဖမ်းစက်လှေ များကို ပင်လယ်ပြင်သို့ ငါးဖမ်း ထွက်ခွာခွင့် ထပ်မံ ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် အဆိုပါ စက်လှေမှ ငါးဖမ်းထွက်ခွင့် ပြန်လည် ရရှိရန် တပ်မတော် စစ်စခန်းသို့ ငွေကျပ် (၁၀) သိန်း၊ အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ငွေကျပ် (၃) သိန်း ပေးခဲ့ရသည်။ စစ်စခန်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့တောင်းခံသည့် ငွေများ ရရှိသောအခါ သင်္ဘောကွေ့ (ခလုံး) ကျေးရွာမှ ငါးဖမ်း စက်လှေများကို ငါးဖမ်းခွင့် ပြန်လည် ပေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus