နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ မောင်တောသို့ ဈေးဝယ်ရန် သွားနေသူ တစ်ဦးထံမှ နယ်ခြားစောင့်ရဲ များက ငွေလုယက်



MYARF
RB News
9.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ချောင်းတောင် ကျေးရွာမှ ဦးအာတာအုလ္လာ (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၃၅ နှစ်) သည် တောင်ကြားလမ်းမှ တစ်ဆင့် မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်းဈေးသို့ ဈေးဝယ်ရန် သွားနေစဉ် လောင်းဒုံ ကျေးရွာအုပ်စု ကြိုက်ချောင်းမိုရွာ အနီး ခွဆုံတွင် ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဇော်ဇော်အောင် အပါအ၀င် နယ်ခြားစောင့်ရဲ (၃) ဦးက ဖမ်းဆီး စစ်ဆေး မေးမြန်းပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ၎င်းတွင် ပါလာသည့် ငွေကျပ် ၆၅၀၀၀ မှ ငွေကျပ် ၅၀၀၀၀ ကို နယ်ခြားစောင့်ရဲ များက လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲ တပ်သား ဇော်ဇော်အောင်သည် နေ့စဉ် အနီးအနားရှိ ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ရိုဟင်ဂျာ များကို လုပ်ကြံ ဖမ်းဆီးပြီး ငွေညှစ်လေ့ ရှိသည်။ ယခုအခါ ဇော်ဇော်အောင်က “ငါ ရာထူးတိုးဖို့ အတွက် စခန်း ၂၄ မှာ ရုံးထိုင်နေတဲ့ G-1 (ရဲမှူးကြီး) အတွက် ငွေရှာပေးရမယ်” ဟု ဆိုကာ ယခင်ကထက် ပိုမိုသောင်းကျန်း၍ ငွေညှစ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus