နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း နယ်ခြားစောင့်ရဲ များက ဇနီး မောင်နှံ နှစ်ဦးထံမှ ငွေညှစ်



MYARF
RB News
9.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဒီဇင်ဘာလ (၂) ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် သိမ်တော်ပြင် ကျေးရွာသို့ သွားရောက်၍ ဦးမာမတ်ဟာရှိမ် (ဘ) ဦးအီလီယာစ်ကို နေအိမ်မှ ဖမ်းဆီး၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ကင်းစခန်းတွင် တစ်ညလုံး ချုပ်နှောင်ထားပြီး နောက်နေ့ နံနက် မိုးလင်းသည်နှင့် ၂၀၁၄ ခုနှစ်တွင် လူကုန်ကူးမှု ပြုလုပ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးမာမတ်ဟာရှိမ်ကို ပြန်လည် လွှတ်ပေးပြီး ခဏအကြာတွင် နယ်ခြားစောင့်ရဲ များသည် ၎င်း၏ နေအိမ်သို့ တစ်ဖန် ရောက်ရှိလာပြီး ၎င်းကို ဖမ်းဆီး ခေါ်ဆောင် သွားစဉ် ၎င်း၏ ဇနီးက နယ်ခြားစောင့်ရဲ များကို “ခွေး” စကားလုံး သုံး၍ ဆဲဆိုခဲ့သည်ဟု စွပ်စွဲ၍ ဦးမာမတ်ဟာရှိမ်၏ ဇနီးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ စခန်းသို့ ရောက်သည်နှင့် ခြိမ်းခြောက်၍ ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။

Comment ရေးရန်

Rohingya Exodus