နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့ပေါ်ရှိ AA နှင့် ဆက်နွယ်သူများကို ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့



MYARF
RB News
6.1.2015

မောင်တော ။ ။ ဇန်န၀ါရီလ (၂) ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ မြို့ပေါ် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များကို ဖုန်းဆက်၍ ညပိုင်းတွင် ရခိုင့် တပ်မတော် (AA) နှင့် ဆက်နွယ် ပတ်သက် နေသည့် ရခိုင်များကို ဖမ်းဆီးရန် ရှိသည်ဟု ဆိုကာ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ထားခဲ့သည်။ 

ထို့နောက် ညသန်းခေါင်ယံ အချိန်တွင် ဌာနပေါင်းစုံ ပူးပေါင်း၍ ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလာရွာနှင့် အမှတ် (၃) ရပ်ကွက်သို့ သွားရောက်၍ ရခိုင်အစွန်းရောက် များကို ရှာဖွေခဲ့သည်။ သို့သော်လည်း ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ဖုန်းဆက်၍ ရခိုင်အစွန်းရောက် များကို ကြိုတင် အကြောင်းကြား ခဲ့သဖြင့် တစ်ဦးမှ ဖမ်းဆီး၍ မရခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးနှင့် နီးစပ်သူ တစ်ဦးက RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus