နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် ဇနီးမောင်နှံ နှစ်ဦးက ရိုဟင်ဂျာများ ပိုင်သည့် ဆိတ်များကို ဖမ်းယူ သတ်ဖြတ် စားသောက်



MYARF
RB News
14.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သရက်အုပ် ကျေးရွာအုပ်စု၊ ရခိုင်ရွာမှ ဦးမြင့်လှိုင်နှင့် ဒေါ်ကြည်ကြည်ဌေးတို့ ဇနီးမောင်နှံ နှစ်ဦးသည် ဇန်န၀ါရီလ (၇) ရက်နေ့ ညနေပိုင်းတွင် သရက်အုပ် ကျေးရွာအုပ်စု၊ အာရှိတ်ကာရွာမှ မုဆိုးမ တစ်ဦး ဖြစ်သူ ဒေါ်မော်ဂျူနီ (ဘ) ဦးမုစ်တာခ်အာမတ်၏ ဆိတ်တစ်ကောင်နှင့် ဓားကြီးစား ကျေးရွာသား တစ်ဦး၏ ဆိတ်တစ်ကောင် တို့ကို လယ်ကွင်းတွင် ကျက်စားနေရာမှ ဖမ်းယူသွားခဲ့သည်။ 

ညနေ နေ၀င်ချိန်ခန့်တွင် ဆိတ်ပိုင်ရှင် ဖြစ်သူ ဒေါ်မော်ဂျူနီက ၎င်း၏ဆိတ်ကို ရှာမတွေ့ခဲ့၍ အခြားသော ဆိတ်၊ နွားကျောင်းနေသူ များထံမှ မေးမြန်းရာ ဦးမြင့်လှိုင်နှင့် ဒေါ်ကြည်ကြည်ဌေး တို့က ဆိတ်နှစ်ကောင် ဖမ်းယူသွားရာတွင် ပါသွားကြောင်း သိရှိခဲ့သည်။ ဒေါ်မော်ဂျူနီသည် ညအချိန်တွင် ကြောက်ရွံ၍ ရခိုင်ရွာသို့ မသွားဘဲ နေခဲ့သည်။ 

ဇန်န၀ါရီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် ၎င်းသည် ဦးမြင့်လှိုင်၏ အိမ်သို့ သွားရောက်၍ ရှာဖွေရာ ဦးမြင့်လှိုင်၏ အိမ်ခြံဝင်း အနောက်ဘက်တွင် ၎င်း၏ ဆိတ်ကို အသေ တွေ့ရှိခဲ့သည်။ ဓါးကြီးစား ကျေးရွာသား၏ ဆိတ်ကို ဦးမြင့်လှိုင်တို့က ညပိုင်းတွင် သတ်ဖြတ် စားသောက် ခဲ့ကြောင်း သိရှိရသည်။ ဒေါ်မော်ဂျူနီ၏ ဆိတ်မှာ တန်ဖိုးအားဖြင့် ငွေကျပ် ရှစ်သောင်းနှင့် ဓါးကြီးစား ကျေးရွာသား၏ ဆိတ်မှာ တန်ဖိုးအားဖြင့် ငွေကျပ် ငါးသောင်း တန်သည်ဟု ဆိတ်များ ခိုးယူသွားသည်ကို မြင်သည့် မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။ 

ဦးမြင့်လှိုင်နှင့် ဒေါ်ကြည်ကြည်ဌေးတို့သည် ခွေးနှစ်ကောင်နှင့် အတူ လယ်ကွင်းသို့ သွားရောက်၍ ရိုဟင်ဂျာများ၏ ဆိတ်များကို မကြာခဏ ဖမ်းယူသွားလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ဆိတ်များကို ၎င်းတို့၏ ခွေးများအား ကိုက်စေပြီး၊ ဆိတ်များက ၎င်းတို့ ရှိရာဘက်သို့ ပြေးလာလျှင် ဖမ်းယူသွားသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus