နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူမှ နယ်ခြားစောင့်ရဲ များက ဒေသခံ (၃) ဦးထံမှ ငွေညှစ်



Rohingya Eye
RB News
7.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ၊ အလယ်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ရွာသား (၃) ဦးအား ၎င်းတို့၏ နေအိမ်အသီးသီးမှ ဇန်န၀ါရီလ (၂) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် ဖမ်းဆီး ခေါ်ဆောင် သွားကာ အတင်းအဓမ္မ ငွေညှစ်ခဲ့သည်။

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးဟာရှိမ်းမူလ္လာ (ဘ) ဦးရှုနာလီ (အသက် ၃၅ နှစ်) - ဆေးကုသရန် တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု အခြေအမြစ်မရှိ စွပ်စွဲကာ ငွေကျပ် (၄) သိန်း ညှစ်ယူပြီး မွန်းလွှဲ ၁၂း၂၀ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ 

(၂) ဦးမာမတ်ဟာရှိမ်း (ဘ) ဦးအဒူရှကူရ် (အသက် ၄၀ နှစ်) - ယခင် န.စ.က လက်ထက်တွင် ခွင့်ပြုချက်ဖြင့် အိမ်ဆောက်လုပ် ခဲ့သော်လည်း ယခုအခါ အိမ်အသစ် ဆောက်လုပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည်။ 

(၃) ဦးဆော်လီမူလ္လာ (ဘ) ဦးဇာဖောရ် (အသက် ၃၀ နှစ်) - ကိုလည်း အိမ်အသစ် ဆောက်လုပ်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲ များသည် အဆိုပါရွာမှ ကော်ဘိရ်အာမတ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၇ နှစ်) နှင့် ပူးပေါင်း၍ မဟုတ်မမှန် သတင်းများ ပေးပို့ခိုင်းကာ ၀င်ရောက်ဖမ်းဆီး ငွေညှစ်၍ ကော်ဘိရ်အာမတ်ကိုလည်း ဝေစုခွဲ ပေးကြောင်း ဒေသခံများက ပြောပါသည်။ 

အဆိုပါ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ပြောင်းရွှေ့ လာသူများ ဖြစ်ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus