နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပြင်ဆိပ်မှ မြေတိုင်းစာရေးက ဒေသခံ (၁၂) ဦးထံမှ ငွေသိန်းချီညှစ်



MYARF
RB News
29.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာတွင် တာဝန်ကျနေသည့် မြေတိုင်းစာရေးသည် ယင်းကျေးရွာမှ ဦးမုစ်တော်ဖီစ် (ဘ) ဦးအေရှာဒူလ္လာနှင့် ပူးပေါင်း၍ ရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် အဆိုပါ မြေတိုင်းစာရေးသည် ဦးမုစ်တော်ဖီစ်နှင့် အတူ ကျောက်ပြင်ဆိပ် အရှေ့ရွာသို့ သွားရောက်၍ ဂျီမြေ မဟုတ်သည့် လယ်ယာမြေ ပေါ်တွင် အိမ်ဆောက်ခဲ့သည်၊ အိမ်ရာမြေ၏ မြေပုံ မဆွဲရသေး၊ ပုံစံ ၁၀၅ မပြုလုပ်ရသေး ဟူ၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ရွာသား (၁၀) ဦးထံမှ ငွေကျပ် တစ်သိန်း ငါးသောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေကျပ် တစ်သိန်းငါးသောင်းစီ ညှစ်ခံခဲ့ရသူများမှာ -- 

(၁) ဦးအဒူရှကူရ် (ဘ) ဦးဘော်ရှော်ရ်
(၂) ဦးဟားဆူ (ဘ) ဦးအာဇီရာမန်
(၃) ဦးဟူဆောင်ဂျူဟာရ် (ဘ) ဦးအဒူဟာလေး
(၄) ဦးမာမတ်ဆော်လာမ် (ဘ) ဦးနော်မိယား
(၅) ဦးအဒူရော်ကိမ် (ဘ) ဦးဖော်ဇောလ်
(၆) ဦးအစ္စလာမ် (ဘ) ဦးလာလ်မျာ
(၇) ဒေါ်ဖာတေမာ (ဘ) ဦးဆူးလေး
(၈) ဒေါ်ဟာမီဒါ (ဘ) ဦးဟာလူ
(၉) မော်လ၀ီဇော်ဟိရ်အာမတ် (ဘ) ဦးအာဘူဇော်ဖောရ်
(၁၀) ဦးနာဂူး (ဘ) ဦးအော်ဆီးရောန် -- တို့ဖြစ်သည်။ 

ထို့အပြင် အမျိုးသမီးနှစ်ဦး၏ နေအိမ်များသို့ သွားရောက်၍ ၎င်းတို့၏ အိမ်ရာမြေ အတွက် ပုံစံ ၁၀၅ ထုတ်ပေးမည်ဟု ဆိုကာ ငွေညှစ်ခဲ့သည်။ ငွေညှစ်ခံရသည့် အမျိုးသမီး နှစ်ဦးမှာ -- 

(၁) ဒေါ်နုရ်ဂျာဟာန် (ဘ) ဦးတာဇော်မလုခ် -- ညှစ်ခံရငွေကျပ် တစ်သိန်း ရှစ်သောင်း
(၂) ဒေါ်လိုင်လာဘေဂမ် (ဘ) ဦးဒူလားမျာ -- ညှစ်ခံရငွေကျပ် နှစ်သိန်း -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus