နောက်ဆုံးသတင်း/ဆောင်းပါးများ

‪‎မွေးဌာနေ‬

ဓါတ်ပုံ - Poppy McPherson

မှတ်ချက်။ ။ သံချပ် သီဆိုသလို ဖတ်ရွတ်ပါ။

‪‎မွေးဌာနေ‬

MYARF
RB ကဗျာ
28.1.2016

ကဗျာအမျိုးအစား - သံချပ်

အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ သီးနှံစုံ
စားလို့ အကောင်းဆုံး ...
စားလို့ အကောင်းဆုံး...စားလို့ အကောင်းဆုံး ...။

အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ ဆန်စပါးလျှံ
စားပြီး ရောင်းနိုင် ပြည်ပထံ ...
ပြည်ပထံ ... ပြည်ပထံ ...။

အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ မြစ်၊ ချောင်း၊ အိုင်
ငါးသေးငါးကြီး ထွက်လှိုင်လှိုင် ...
ထွက်လှိုင်လှိုင် ... ထွက်လှိုင်လှိုင် ...။

အာရ်ကာန်ပြည်သည် ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ...
ငါ့ဌာနေက တော၊တောင်၊မြိုင်
စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ...
စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ... စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ...။

အာရ်ကာန်ပြည်သည် ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ...
ငါ့ဌာနေမှာ တိုက်သည့် လေ
ခန္ဓာထိရင် ရင်ထဲ အေး ...
ရင်ထဲ အေး ... ရင်ထဲ အေး ...။

အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...
မွေးဌာနေ ... ငါ့ဌာနေ ...
ရိုဟင်ဂျာသည် ဤတိုင်းပြည်၏
မူလဘူတ တိုင်းရင်းသားတည်း ...
တိုင်းရင်းသားတည်း ... တိုင်းရင်းသားတည်း ...။

အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...
မွေးဌာနေ ... ငါ့ဌာနေ ...
ရိုဟင်ဂျာသား ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ ...
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...။

______________________________
ရေးသားသူ - ယျာတင်(ရိုဟင်းသား)

Comment ရေးရန်

Rohingya Exodus