နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့က ဒေသခံ နှစ်ဦးထံမှ ငွေကျပ် သိန်း ၃၀ ကျော် ညှစ်



Rohingya Eye
RB News
13.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ရဲမှူး ငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့်ရဲ (၈) ဦးတို့သည် မော်တော်ဆိုင်ကယ် (၄) စီးဖြင့် ဇန်န၀ါရီလ (၁၀) ရက်နေ့ ည ၆း၃၀ နာရီ အချိန်တွင် သရေကုန်းဘောင်ဈေးသို့ သွားရောက်၍၊ အဆိုပါ ရွာမှ ဦးဟာဘီအုလ္လာ (ဘ) ဦးမိုဟာမတ် ရှော်ဖီ (အသက် ၇၂ နှစ်) ကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထို့နောက် နေအိမ်မှ အိမ်ထောင်စု စာရင်းကို ယူခိုင်း၍ အမည်များ စစ်ဆေးပြီးနောက် မီးရှို့မှုတွင် ပါဝင် ပတ်သက်နေသည်ဟု မဟုတ်မမှန် စွပ်စွဲကာ သရေကုန်းဘောင် ရခိုင်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

ည ၈း၃၀ နာရီ အချိန်တွင် ဦးဟာဘီအုလ္လာထံမှ ငွေကျပ် ၂၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့သည် သရေကုန်တန်း၊ ခုန္နားဟ်ဖာရာသို့ သွားရောက်၍ အုပ်ချုပ်ရေးမှူး ဦးဖိုက်ဆဲလ် (ဘ) ဦးယာစီးန် (အသက် ၂၉ နှစ်) နှင့် အတူ ရွာထဲတွင် လှည့်လည်နေစဉ် အိမ်ရှေ့ လမ်းပေါ်တွင် စကားပြောနေသူ နှစ်ဦးကို တွေ့ရှိပြီး ခန္ဓာကိုယ် အနှံ့ ရှာဖွေ စစ်ဆေးပြီးနောက် ၎င်းတို့နှစ်ဦးတွင် ပါရှိသော MPT ဆင်းမ်ကဒ်သုံး ဖုန်းကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၇) သိန်း (၅) သောင်း ညှစ်ယူခဲ့သည်။ 

ငွေညှစ်ခံရသူ နှစ်ဦးမှာ --

(၁) ဦးကေဖာယောဒ်အုလ္လာ (ဘ) ဦးအူမောရ်မျာ (အသက် ၃၂ နှစ်)
(၂) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဟာနီဖာ (အသက် ၃၅ နှစ်) တို့ဖြစ်သည်။ 

ရဲမှူးငြိမ်းချမ်းအေးသည် မကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ တာဝန်ခံ ဖြစ်ပြီး၊ ဂေါ်ဒူသာရ တံတား ကင်းစခန်းတွင် နေထိုင်သူ ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus