နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော၊ နယ်မြေ (၆) မှ နယ်ခြားစောင့်ရဲ များက ဒေသခံများ ထံမှ ငွေညှစ်



MYARF
RB News
4.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ၊ ပေါင်းဇား ကျေးရွာမှ အီဗြာဟိမ်း (ဘ) မော်လ၀ီ ဦးမာမတ်သည် ဇန်န၀ါရီလ (၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဟွန်ဒါ ဆိုင်ကယ် တစ်စီးဖြင့် ကျောက်လှေကား ကျေးရွာ အခြေစိုက် အမှတ် (၆) နယ်မြေ စခန်းရှေ့မှ ဖြတ်သန်း၍ မင်္ဂလာကြီး ကျေးရွာသို့ သွားနေစဉ် စခန်း ဂိတ်ဝ၌ ကင်းချထားသည့် နယ်ခြားစောင့်ရဲ များက အီဗြာဟိမ်းကို ခေါ်၍ “ခဏစောင့်ဦး၊ ငါတို့ သွားစရာ ရှိလို့ ဆိုင်ကယ်ပေး” ဟု ဆိုကာ ၎င်းအား စခန်းရှေ့တွင် စောင့်ခိုင်းပြီး ဆိုင်ကယ်ကို ဆွဲယူသွားခဲ့သည်။ 

ည (၁၁) နာရီခန့် အချိန်တွင် ဆိုင်ကယ် ဆွဲယူသွားသည့် နယ်ခြားစောင့်ရဲများ ပြန်လည် ရောက်ရှိလာပြီး ဆိုင်ကယ်ကို ပြန်ပေးခဲ့သည်။ ထို့နောက် အိဗြာဟိမ်းကို ပြန်ခေါ်ကာ “ညမထွက်ရ အချိန် ၁၁ နာရီ ကျော်နေပြီ” ဟု ဆိုကာ ဖမ်းဆီး၍ စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ 

ယနေ့ ဇန်န၀ါရီလ (၄) ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် အီဗြာဟိမ်းထံမှ ငွေကျပ် နှစ်သိန်းခွဲ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ငွေညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ၎င်း၏ အဖိုးတန်း Bata ရှုးဖိနပ်ကို နယ်ခြားစောင့်ရဲ များက လုယက်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၃) ရက်နေ့ ညတွင်ပင် လှဘော်ဇား ကျေးရွာမှ ရိုဟင်ဂျာ လူငယ် (၃) ဦးကိုလည်း လမ်းပေါ်မှ အကြောင်းမဲ့ ဖမ်းဆီး၍ ချုပ်နှောင်ထားကာ ယနေ့ ဇန်န၀ါရီလ (၄) ရက်နေ့ ညနေ နေ၀င်ချိန်ခန့်တွင် ငွေကျပ် တစ်သိန်းငါးသောင်းစီ - စုစုပေါင်း ငွေကျပ် လေးသိန်း ငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယခု နယ်မြေ (၆) တွင် တာဝန် ထမ်းဆောင် နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးသည် ယခင် န.စ.က နယ်မြေမှူးဟောင်း ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် နယ်မြေ (၆) ၌ တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus