"တစ်ဖက်ကမ်းသို့"
"တစ်ဖက်ကမ်းသို့"
ရေးသားသူ - မိုဟာမတ်ဇူဘိုင်ရ်
RB ကဗျာ
26.1.2016
ကြိမ်ဒဏ်ကျည်ဒဏ် ရောင်စုံတဲ့ဒဏ်
ကြိမ်ဒဏ်ကျည်ဒဏ် ရောင်စုံတဲ့ဒဏ်
ငိုသံအော်သံ နားကြားလို့မခံ
စိတ်လည်းမချမ်း ကိုယ်လည်းမကျန်း
ခိုနားစရာ ရှားပါးတဲ့ခါ
မလျှော့တဲ့ဇွဲ သတ္တိကိုစိုက်
လူမျိုးကိုပွေ့လို့ ရင်ခွင်ထဲပိုက်ပြီး
ဟို…ဝေးဝေး မြူထူထူအရုပ်
ဒေါင်းရုပ်ကလေးလော့
ဥပဒေဆိုတဲ့ အရာလော့
မျှော်လင့်ချက်ကမ်းသို့ ငါလှော်ထွက်မယ် ...။
ပညာရေးတံခါး အမြဲပိတ်ထား
ပညာရေးတံခါး အမြဲပိတ်ထား
ကန့်သတ်မှုနဲ့ အသွားအလာ
အကြောင်းမဲ့ဖမ်း နေ့စဉ်ရက်ဆက်
စားစရာရှား ဆာလောင်ငတ်မွတ်
ကလေးငယ်ရဲ့ ငိုရှိုက်တဲ့သံ
နှိပ်စက်မှုဒဏ် ရင်ထဲမဆံ့လည်း
ယဉ်ကျေးလိမ္မာ ရိုဟင်ဂျာသား
သတ္တိပိုက်လို့ အရှုံးမပေး
လှော်တံကျိုးရင် ခြေနဲ့လှော်ပြီး
ဟို…ဝေးဝေး မြူထူထူအပြုံး
အောင်ဆန်းသွေးလော့
ငြိမ်းချမ်းရေး မိခင်လော့
လွတ်လပ်ရာကမ်းသို့ ငါလှော်ထွက်မယ် ...။