နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမှ ရဲလုံထိန်းများက ရိုဟင်ဂျာများ၏ ကျွဲနွားများကို အကြောင်းမဲ့ ထိန်းသိမ်းထား



RB News
26.1.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေ လေဆိပ်အနီး တာဝန်ကျနေသည့် ရဲလုံထိန်း တပ်ရင်းမှ ရဲတပ်ဖွဲ့ဝင် အချို့သည် ဇန်န၀ါရီလ (၂၅) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် စစ်တွေ လေဆိပ်အနီးရှိ ရိုဟင်ဂျာများပိုင် လယ်ကွင်း၌ ကျက်စားနေသော နွား (၅) ကောင်ကို အကြောင်းမဲ့ ခေါ်ဆောင် သွားပြီး ၎င်းတို့၏ တပ်ရင်း၌ ထိန်းသိမ်း ထားကြောင်း သိရှိရသည်။ 

ရဲတပ်ဖွဲ့ဝင်များ ထိန်းသိမ်းထားသည့် နွား (၅) ကောင် အနက် (၄) ကောင်ကို စစ်တွေ လေဆိပ် အနီးရှိ ဘုမေရွာမှ ဦးမာမတ်ဟူဆောင်းက ပိုင်ဆိုင်ပြီး၊ ကျန်သည့် တစ်ကောင်ကို ဦးအဘာစ်အလီက ပိုင်ဆိုင်သည်။ ပိုင်ရှင်နှစ်ဦးက ရဲလုံထိန်း တပ်ရင်းသို့ သွားရောက်၍ အကြောင်းစုံ မေးမြန်းပြီး ၎င်းတို့၏ နွားများကို ပြန်ပေးရန် တောင်းဆိုရာ ရဲလုံထိန်းများက ပြန်မပေးဘဲ၊ နွားများက လေဆိပ်အနီးသို့ ရောက်ခြင်းကြောင့် နွားပိုင်ရှင်များ ပြစ်ဒဏ်ခံရမည် ဖြစ်ကြောင်း၊ စသည်ဖြင့် အမျိုးမျိုး ပြောဆို ခြိမ်းခြောက်ပြီး ပိုင်ရှင်နှစ်ဦးကို ရိုက်နှက်ရန် ကြံစည်သေကြောင့် ကြောက်လန့်၍ ပြန်လာခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus