နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇီးပင်ချောင်းမှ လက်ရှိ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ရှုံးနိမ့်သောကြောင့် ရွာသားများကို ဒုက္ခပေးရန် ကြံစည်လျက်ရှိ



RB News
27.1.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စုတွင် ဇန်န၀ါရီလ (၂၀) ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာယုဖ် (ဘ) ဦးအာဘူလ်ဟူစိန်းက မဲ (၂၀) ရရှိခဲ့သည်။ ၎င်းနှင့် ပြိုင်ဘက် ဦးနူရ်ဟူဆောင်း (ဘ) ဦးကာဒီဟူဆောင်းက (၃၂) မဲဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ လက်ရှိ အုပ်ချုပ်ရေးမှူးက ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သောကြောင့် ၎င်းအား မဲမပေးခဲ့သူများကို အကြောင်းအမျိုးမျိုး ဖန်တီး၍ ဒုက္ခပေးရန် ကြံစည်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဇန်န၀ါရီလ (၂၄) ရက်နေ့ ညပိုင်းတွင် ဇီးပင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း အမှတ် (၁၀) မှ နယ်ခြားစောင့်ရဲ များနှင့် အုပ်ချုပ်ရေးမှူး ဦးအာယုဖ် တို့ပူးပေါင်း၍ ရာအိမ်မှူးများ၊ အရန်မီးသတ်များနှင့် အတူ မဲမပေးခဲ့သူများကို WY ဆေးပြားများ ရောင်းချနေသူများဟု ဆို၍ နေအိမ်များကို ၀င်ရောက် စစ်ဆေးခဲ့သည်။ သို့သော်လည်း မည်သည့်အိမ်တွင်မှ WY ဆေးပြားမရသဖြင့် ပြန်သွားခဲ့သည်။ ဦးဂျန်ကိရ် (ဘ) ဦးအာမီးရ်ဟူစိန်း၊ ဦးကာလာမျာ (ဘ) ဦးကာဒိရ်ဟူစိန်း၊ ဦးဇော်ကီရ်ဟူစိန်း (ဘ) ဦးနာဇီရ်ဟူစိန်း တို့၏ နေအိမ်များကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ 

ရွာသားများက နောင်တွင်လည်း လက်ရှိ အုပ်ချုပ်ရေးမှူးက လုပ်ကြံ၍ ဒုက္ခပေးမည်ကို အထူးစိုးရိမ်လျက် ရှိကြသည်။

Comment ရေးရန်

Rohingya Exodus