နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွပ်​ကဲ​ရေးမှူး ဖလား ​ဘောလုံး​ပွဲကို အ​ကြောင်းပြ၍ ​ငွေ သိန်း​ထောင်​​ချီ ​ကောက်​ခံ​နေ



MYARF
RB News
11.2.2016

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တော မြို့နယ်၊ ကျီးကန်​ပြင်​ အ​ခြေစိုက် အမှတ်​(၁)​ နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့ ကွပ်​ကဲ​ရေးမှူးက "ကွပ်​ကဲ​ရေးမှူး ဖလား" ဟုဆို၍ ​ဖေ​ဖော်​ဝါရီလ (၁၄) ရက်နေ့မှ စတင်​ပြီး ​ဘော​လုံး​ပွဲ ကျင်းပရန်​ စီစဉ်​လျက်​ရှိရာ အဆိုပါ ဘောလုံးပွဲကို အ​ကြောင်းပြ၍ ​​အချို့​သော ကျေးရွာအုပ်​စု တစ်​အုပ်​စုစီမှ ငွေကျပ်​ ၅ သိန်းစီ ​ကောက်​ခံ​လျက်​ရှိ​ကြောင်း သတင်းရရှိပါသည်​။

မောင်​​တော ခရိုင်​တွင်​ ဇန်​နဝါရီလ လဆန်းပိုင်း၌ နယ်​ခြား​စောင့်​ ရဲတပ်​ဖွဲ့မှ ဦး​ဆောင်​၍​ "နယ်​​မြေမှူး ဖလား (သို့) ရဲမှူးဖလား" ဆိုကာ ​ကျေးရွာအုပ်​စု ဆယ်​အုပ်​စုစီဖြင့်​ ဘောလုံး​ပွဲ တစ်ဒါဇင်​ နီးပါး ကျင်းပခဲ့သည်​။ ​ထို့​နောက်​ အဆိုပါ ဘောလုံးပွဲများမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု အသီးသီး ရရှိခဲ့သည့်​ အသင်းများဖြင့်​ "​ဒေသ တပ်​ရင်းမှူး ဖလား" ဆို၍ ပြိုင်​ပွဲ ​လေးပွဲ ကျင်းပ ခဲ့သည်​။ ယခုအခါ "​ဒေသတပ်​ရင်းမှူး ဖလား" ​ဘော်​လုံးပွဲတွင်​ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တ ရရှိခဲ့​သော အသင်းများဖြင့်​ "ကွပ်​ကဲ​ရေးမှူးဖလား" ဆို၍ ဖေ​ဖော်​ဝါရီလ ၁၄ ရက်​​နေ့တွင်​ စတင်​ကျင်းပ​ရန်​ စီစဉ်​နေခြင်း ဖြစ်​ပါသည်​။ ​မောင်​​တောခရိုင်​တွင်​ နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့၏ ​ဒေသစခန်းကြီး ​လေးခုရှိသဖြင့်​ ယခု ကျင်းပ​တော့မည့်​ ကွပ်​ကဲ​ရေးမှူး ဖလား ပြိုင်​ပွဲတွင်​ ​ဒေသ တစ်​ခုစီမှ အသင်း ​လေးသင်းစီ စုစု​ပေါင်း ၁၆ သင်း ဝင်​ပြိုင်​ရမည် ​ဖြစ်​သည်​။

ဝင်​ပြိုင်​ခွင့်​ ရ​သည့်​ အသင်း ၁၆ သင်းတွင်​ မန်းကျည်း​​ချောင်းစခန်း လက်​​အောက်​ခံ ပဒင်း​ကျေးရွာအသင်းနှင့်​ ​ဂေါ်ဒူသာရ​ကျေးရွာ အသင်းတို့လည်း ပါဝင်​​နေသည်​။ အဆိုပါ အသင်းနှစ်​သင်းကို ​​​ဂေါ်ဒူသာရ စခန်းတာဝန်​ခံ ရဲမှူး ငြိမ်းချမ်း​အေး ကိုယ်​တိုင်​ ဦး​ဆောင် ကိုင်​တွယ်​မည်​ ဖြစ်​​ကြောင်း ​ဖေ​ဖော်​ဝါရီလ ၁၁ ရက်​​နေ့တွင်​ မန်းကျည်း​ချောင်းစခန်း၏ လက်​​အောက်ခံ ​ကျေးရွာအုပ်​စု ဆယ်​အုပ်​စုမှ ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး များဖြင့်​ ဘဂုံးနား ​ကျေးရွာ၌ ပြုလုပ်​ခဲ့​သော အစည်းအ​ဝေးတွင်​ ရဲမှူးငြိမ်းချမ်း​အေးက ​ထုတ်​​ဖော်​ ​ပြောဆိုလိုက်​ခြင်း ဖြစ်​ပါသည်​။ ၎င်းကိုင်​တွယ်မည့်​ အဆိုပါ အသင်းနှစ်​သင်း၏ ပြိုင်​ပွဲဝင် ​စရိတ်​များကို မန်းကျည်း​ချောင်း စခန်းပိုင်​ ​ကျေးရွာအုပ်​စု ဆယ်​အုပ်​စုတို့မှ ဖြည့်​ဆည်း ပေးရမည်ဖြစ်​​ကြောင်း၊ ​ကျေးရွာအုပ်​စု တစ်​အုပ်​စုစီမှ ​ငွေကျပ်​ ၅ သိန်းစီကို ကွပ်​ကဲ​ရေးမှူး ဖလားပြိုင်​ပွဲ ကျင်းပမည့်​ ​ဖေ​ဖော်​ဝါရီလ ၁၄ ရက်​​နေ့ မတိုင်​မှီ​ ၎င်းထံ လာ​ပေးကြရန်​ အစည်းအ​ဝေး တက်​​ရောက်​လာ​ကြသော ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးများကို ရဲမှူးငြိမ်းချမ်း​အေးက အမိန့်​​ပေး မှာကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အစည်းအ​ဝေး တက်​​ရောက်​ခဲ့ကြ​သည့် ​ကျေးရွာ အုပ်​ချုပ်ရေး​မှူးများ အနက်​ အချို့က ၎င်းတို့အ​နေဖြင့်​ မိမိရွာသားများထံမှ မည်​သည့်​ အ​ကြောင်းပြချက်​ဖြင့်​ ​ငွေ​ကောက်​ခံ ရမည်​နည်း၊ မိမိ ​ကျေးရွာက ဝင်​ပြိုင်​​နေခြင်း မဟုတ်​၍ ရွာသားများက ​ငွေ ​ပေးချင်​​မှာ မ​ဟုတ်​ကြောင်း၊ ထို့အပြင် ပြည်​သူများ​ စီးပွား​ရေး ကျပ်​တည်း​ နေ​သော​ကြောင့်​ ​ငွေ​ကောက်​ခံရန်​ ခက်​ခဲမည်​ဖြစ်​​ကြောင်း တင်​ပြ ​ပြောဆိုခဲ့​သော်​လည်း ရဲမှူးငြိမ်းချမ်းအေးက ရွာမှ ​ငွေ​ကြေးတတ်​နိုင်​သူ များထံမှ ​ကောက်​ခံရန်​နှင့်​ တောင်းခံသော်လည်း ငွေပေးရန် ငြင်းဆန်သူများ၏ စာရင်းကို ၎င်းထံ တင်ပြရန်​ မှာကြားခဲ့သည်။ 

ယခုအခါ အဆိုပါ ဆယ်​အုပ်​စုမှ ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး များက မိမိတို့၏ ရွာသားများထံမှ ​ရဲမှူး ​တောင်းဆိုခဲ့​သော ငွေကို အတင်းအဓမ္မ စတင်​​ ကောက်​ခံ ​နေကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ​ကျေးရွာအုပ်စု ဆယ်​အုပ်​စုမှာ --

၁။ သ​ရေကုန်းဘောင်​​ကျေးရွာ
၂။ ​ဇော်​မတက်​​ကျေးရွာ
၃။ ဂေါ်ဒူသာရ​ကျေးရွာ
၎။ ဒုချီးရာတန်း​ကျေးရွာ
၅။ ပ​-ညောင်​ပင်​ကြီးကျေးရွာ
၆။ ဒု-​ညောင်​ပင်​ကြီးကျေးရွာ
၇။ ပဒင်းကျေးရွာ
၈။ ဘဂုံးနားကျေးရွာ
၉။ ပန်း​တောပြင်​​ကျေးရွာ နှင့်
၁၀။ ​ညောင်​​ချောင်း​ကျေးရွာ တို့ဖြစ်​ကြပါသည်​။

အခြား​သော နယ်​​မြေရှိ ​ကျေးရွာ များတွင်လည်း ကွပ်ကဲရေးမှူး ဖလား ခေါင်းစဉ်တပ်၍ ​ငွေ​ကောက်​ခံ​နေသည်​ဟု သတင်း ရရှိ​သော်​လည်း အ​သေးစိတ်​ကို ဆက်​လက် ​စုံစမ်း လျက်ရှိသည်။ 

"ကွပ်​ကဲ​ရေးမှူးဖလား" ကျင်းပမည့် ကျီးကန်းပြင်​​ကျေးရွာရှိ အားကစားကွင်းကြီးကို နယ်​ခြား​စောင့်ရဲတပ်​ဖွဲ့ G-1 ၏ လက်​ကိုင်​တုတ်​ ဖြစ်​​သော မင်္ဂလာကြီး​ကျေးရွာမှ မာမတ်​ဆလာမ်​အား ငွေကျပ်​ သိန်း ၂၄၀ ဖြင့် ​ငှားရမ်းလိုက်​ပြီး ​နောက်​ပိုင်းတွင်​ မာမတ်​ဆလာမ်​က သိန်း ၂၈၀ ဖြင့်​ တဆင့်​ခံ ​ငှားရမ်း လိုက်​ကြောင်း သတင်းရရှိပါသည်​။

မောင်​​တော ခရိုင် ​အတွင်း ​နေထိုင်​ကြ​သော ရိုဟင်​ဂျာများသည်​ အာဏာပိုင်​များ၏ အမျိုးမျိုး​သော ဖိနှိပ်​ချုပ်​ချယ်​မှု ​ဒဏ်​​ကြောင့်​ မိမိတို့၏ ဘဝကို အလွန် ခက်​ခဲကြမ်းတမ်းစွာ ဖြတ်​သန်း​နေကြရ​သော အလွန်​ ဆင်းရဲ​နွမ်းပါးသူများ ဖြစ်​ကြပါသည်​။ ယခုအခါ နယ်​ခြား​စောင့်​ရဲများက ​ဘော​လုံးပွဲများကို အ​​ကြောင်းပြ၍ ​အတင်းအဓမ္မ​ ငွေ​ကောက်​ခံ​နေ​ခြင်းသည်​ နွမ်းပါး​နေသူများကို ပို၍ အကြပ်​တွေ့​အောင်​ ရည်​ရွယ်​ချက်​ရှိရှိ တမင်တကာ ဖိအား​ပေး​နေ​ကြောင်းသာ ဖြစ်​သည်ဟု ​ဒေသခံများ အကြား ​ဝေဖန်​ ​ပြောဆို​ နေကြပါသည်​။

ဤကဲ့သို့ မတရားသဖြင့် အတင်းအဓမ္မ ​ငွေ​ကောက်​ခံ​ နေ​ခြင်းကို ရပ်​တန့်​က ရပ်​တန့်​ရန်​ လိုအပ်​​ နေပါသည်​။ ​ဒေသခံများ အ​နေဖြင့်​လည်း မတရားသဖြင့်​ ​ကောက်​ခံ​နေ​သော ​ငွေကို လုံးဝ မ​ပေးကြရန်​နှင့်​ ငွေ​ပေးရန်​ ငြင်းဆန်​ခြင်းအားဖြင့်​ မိမိကို မည်​သည့်​ ဥပ​ဒေနှင့်​မှ အ​ရေးယူနိုင်​မည်​ မဟုတ်​​ကြောင်းကိုလည်း နားလည်​သိရှိရန်​ အထူးလိုအပ်​​နေသည်​ဟု ​ရိုဟင်​ဂျာ လူ့အခွင့်​အ​ရေး လှုပ်​ရှား​သူများက ​RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus