နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူမှ နယ်ခြားစောင့်ရဲ များက ဒေသခံများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်



MYARF
RB News
21.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှား စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျောက်ပန္ဒူ ကျေးရွာအုပ်စု စေတီရွာသို့ သွားရောက်၍ MPT ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံးကိုင်၍ လမ်းလျှောက် သွားနေသည့် ဦးဖေရာန် (ဘ) ဦးနာဇီရာ ကိုခေါ်ယူ၍ စစ်ဆေးမည်ဟု ဆိုကာ ဖုန်းတောင်းကြရာ ဦးဖေရာန်က ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ လုပ်ကြံ ငွေညှစ်ခံရမည်ကို စိုးရိမ်၍ နယ်ခြားစောင့်ရဲ များကို ဖုန်းမပေးဘဲ ထွက်ပြေး သွားခဲ့သည်။ 

သို့သော်လည်း နယ်ခြားစောင့်ရဲ များက ဦးဖေရာန်ကို သိသဖြင့် နေအိမ်သို့ လိုက်သွားပြီး ဖခင်ဖြစ်သူ ဦးနာဇီရာကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ နယ်ခြားစောင့်ရဲ များက ဦးဖေရာန်ထံတွင် ဘင်္ဂလားဖုန်း ရှိသည်ကို မြင်ခဲ့ကြောင်း၊ သားဖြစ်သူကို မခေါ်ပေးပါက ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည (၇) နာရီခန့် အချိန်တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲ များသည် ကျောက်ပန္ဒူ ကျေးရွာအုပ်စု စေတီရွာမှ မုဆိုးမ တစ်ဦးဖြစ်သူ မနူရ်ဘာဟာရ် (ဘ) ဦးအိုဘိုင်ဒူရာမန် (အသက် ၂၇ နှစ်) နှင့် သူမ၏ ခယ်အို တော်စပ်သူ ဦးဖုက္ခိနား (ဘ) ဦးဟာဘီး (အသက် ၄၃ နှစ်) တို့ကို ငရုတ်သီး စိုက်ခင်း၌ ရေလောင်းနေစဉ် ဖမ်းဆီးပြီး၊ ဘင်္ဂလားဖုန်းနှင့် ဖုန်းဆက်သွယ်ရန် စိုက်ခင်းသို့ လာရောက်သည်ဟု လုပ်ကြံ စွပ်စွဲ၍ နှစ်ဦးစလုံး ထံမှ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့သည်။ 

အဆိုပါ လှုပ်ရှား စခန်းမှ နယ်ခြားစောင့်ရဲ များသည် မကြာခဏ ဆိုသလို ရွာထဲသို့ ၀င်ရောက်၍ ရွာသူရွာသားများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus