နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ ဒုတပ်ကြပ် ထွန်းလှ ဆေးအိုးကျ ကျေးရွာသို့ ပြောင်းရွှေ့လာမည်ကို ဒေသခံများ မလိုလား



MYARF
RB News
26.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဆေးအိုးကျ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် တာဝန်ထမ်းဆောင် ခဲ့သည့် ဒုတပ်ကြပ် ထွန်းလှသည် ဆေးအိုးကျ ကျေးရွာရှိ ကင်းစခန်းသို့ ထပ်မံ ပြောင်းရွှေ့ လာနိုင်ရန် ကြိုးစားနေသည်ဟု သတင်း ရရှိပါသည်။

ဒုတပ်ကြပ် ထွန်းလှသည် ၂၀၁၄ ခုနှစ် နှစ်လယ်လောက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အထိ ဆေးအိုးကျ ကျေးရွာရှိ ကင်းစခန်းတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ၎င်းသည် နိုင်ငံတော် တာဝန်ကို အလေးမထားဘဲ ဆေးအိုးကျ ကျေးရွာအုပ်စု၊ သဇင်တောရွာမှ ဦးမာမတ်ဟူစိန်း (ကွယ်လွန်) ၏ ဇနီး ဒေါ်ဂုလ်ဘာနူ (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ နေ့ရောညပါ သွားရောက် နေထိုင်ခဲ့သည်။ ဒေါ်ဂုလ်ဘာနူ၏ အိမ်တွင် ယောက်ျားသားဟူ၍ လုံးဝ မရှိဘဲ သမီးပျိုနှစ်ဦးသာ ၎င်းနှင့် အတူ ရှိနေခဲ့သည်။ ထိုသို့ တရားမ၀င် ပေါင်းသင်း နေထိုင်ခြင်းကို ရွာသူရွာသား များက မကျေနပ်ခဲ့သော်လည်း ဒုတပ်ကြပ် ထွန်းလှသည် နိုင်ငံတော် ၀န်ထမ်း တစ်ဦး ဖြစ်၍ တိုက်ရိုက် ဟန့်တားနိုင်ခြင်း မရှိသောကြောင့် မီဒီယာမှ တစ်ဆင့် အထက် အာဏာပိုင်များထံ တိုင်တန်းခဲ့သည်။ သို့သော်လည်း ထိရောက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ၊ ဒုတပ်ကြပ် ထွန်းလှကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ရသေ့တောင် မြို့နယ် အောက်နန်းရာ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ 

ပြောင်းရွှေ့ သွားပြီးနောက် ယခုအချိန်ထိ ဆေးအိုးကျ ကျေးရွာရှိ အဆိုပါ မုဆိုးမ အိမ်သို့ နှစ်ကြိမ်ထက် မနည်း သွားရောက် လည်ပတ်ခဲ့သည့် အပြင် ဆေးအိုးကျရှိ ကင်းစခန်းသို့ ပြန်လည် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်နိုင်ရန် လေးမြို့ကျေးရွာရှိ စခန်းအမှတ် (၂၁) မှ စခန်းမှူး ရဲအုပ်နှင့် ညှိနှိုင်း၍ ကြိုးစားနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အကယ်၍ ဒုတပ်ကြပ် ထွန်းလှသည် ဆေးအိုးကျရှိ ကင်းစခန်းသို့ ထပ်မံ၍ တာဝန်ဖြင့် ရောက်ရှိလာပါက ကျေးရွာတွင်း တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေနိုင်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို မီးမွှေးသကဲ့သို့ပင် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံသပ် ပြောဆိုနေကြသည်။ 

ဒုတပ်ကြပ် ထွန်းလှသည် အဆိုပါ မုဆိုးမနှင့် ခင်မင် ရင်းနှီးခွင့် ရခဲ့ခြင်းမှာ ယင်းကျေးရွာရှိ မူလတန်းလွန်ကျောင်းမှ အထွေထွေ လုပ်သား ဦးရှော်ရိဖ်ဟူစိန်း ကြောင့်သာ ဖြစ်သည်။ ဦးရှော်ရိဖ်ဟူစိန်းက ဒုတပ်ကြပ် ထွန်းလှနှင့် ပူးပေါင်း၍ ယင်းကျေးရွာရှိ အခြားသော ဆင်းရဲသည့် အမျိုးသမီးများကို အမျိုးမျိုး ခြိမ်းခြောက်၍ မဖွယ်မရာ ပြုလုပ်ကြောင်း ရွာသားများက ပြောဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus