နောက်ဆုံးသတင်း/ဆောင်းပါးများ

မိုင်တိုင် ၃၅ ရှိ စစ်သားများက ဒေသခံ ရွာသားများကို ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက်ရှိ



MYARF
RB News
3.2.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ တောင်ပြို လက်ယာ ကျေးရွာမှ အိမ်ခြေ ၃၀ ခန့်ကို လွန်ခဲ့သည့် (၃) နှစ်တွင် GE ဆောက်လုပ်ရေးတပ်က နယ်စပ် ခြံစည်းရိုး ကာနေစဉ် ခြံစည်းရိုး၏ အပြင်ဘက်တွင် ကျနေသဖြင့် ပြောင်းရွှေ့ခိုင်းခဲ့သည်။ အဆိုပါ အိမ်ခြေများကို နယ်စပ် မိုင်တိုင် ၃၅ အနီး တောတောင်ထဲတွင် နေရာချ ပေးခဲ့သည်။ 

ယခုအခါ ပြောင်းရွှေ့ခဲ့ရသူ များကို မိုင်တိုင် ၃၅ တွင် လုံခြုံရေး တာဝန်ကျသည့် စစ်သားများက နေရောညပါ ရွာထဲဝင်ပြီး အမျိုးမျိုး အပြစ်ရှာကာ ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ MPT ဆင်းမ်ကဒ်သုံး ဖုန်းများကို ဖမ်းဆီး၍ ကာယကံရှင်များ ရှေ့မှောက်တွင်ပင် ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည် ဟူ၍ လည်းကောင်း၊ ဖုန်းဟန်းဆက် များမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် ဖြစ်၍ မြန်မာနိုင်ငံတွင် တရားမ၀င် ဟူ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည် ဟူ၍ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ပစ္စည်းများ ယူလာ၍ ရောင်းချသည် ဟူ၍ လည်းကောင်း စသည်ဖြင့် အမျိုးမျိုး လုပ်ကြံ ဖမ်းဆီးပြီး ရိုက်နှက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ 

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် အမှတ် (၁) နည်းဗျူဟာမှူး တစ်ဦး ရှိသော်ငြားလည်း စစ်သားများက ဒေသခံ ရွာသားများကို မတရားသဖြင့် အနိုင်ကျင့် ညှဉ်းပန်း နှိပ်စက်နိုင်သည်မှာ ဗျူဟာမှူးက စစ်သားများ၏ မတရားသဖြင့် နှိပ်စက်မှုများကို အမှန်တကယ် မသိသည်လား၊ သိလျက်နှင့် မသိဟန်ဆောင် နေသည်လား၊ သို့မဟုတ် လူမျိုး ဘာသာ မတူသည့် ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်ရန် ညွန်ကြား ထားသည်လား ဟူ၍ ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။ အဆိုပါ ဗျူဟာမှူးသည် ယခင်က စစ်သားများကို ဥပဒေဘောင် အတွင်း နေထိုင်ရန် ထိန်းသိမ်း ခဲ့သည့် လူကောင်းလူမွန် တစ်ဦးအဖြစ် ထင်ရှားခဲ့သည့် လူကြီး တစ်ဦး ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus