နောက်ဆုံးသတင်း/ဆောင်းပါးများ

ရမ်းကု ဦးကျော်နိုင်ကို တစ်ဖက်နိုင်ငံမှ ပြန်လွှတ် လိုက်သော်လည်း မဆိုင်သူများ ဖမ်းဆီး ငွေညှစ်ခံနေရ



Rohingya Eye
RB News
25.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဦးရှဥ့်ကျ ကျေးရွာတွင် ဆေးခန်း ဖွင့်ထားသူ ရမ်းကု ဦးကျော်နိုင် (ဘ) ဦးချိုဂုံးန်ကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် တစ်ဖက်နိုင်ငံမှ အမည်မသိ လူတစ်စုက ဖမ်းဆီး၍ တစ်ဖက်နိုင်ငံသို့ ခေါ်ဆောင် သွားခဲ့ရာ၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ဘင်္ဂလားငွေ တာကာ (၆) သိန်း ပေးပြီးမှ ညနေ ၄း၃၀ နာရီ အချိန်တွင် ငါးခူရ နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး ကျော်တေဇာက ဦးကျော်နိုင်အား ဖမ်းဆီး ခေါ်ဆောင်သွားမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး တရားခံများ အဖြစ် သတ်မှတ် ထားသည့် ဦးရှဥ့်ကျ ရွာသား (၁၂) ဦးကို ဆက်လက် ရှာဖွေလျက် ရှိရာ၊ ယင်းနေ့ ည (၁၁) နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ (၁၈) ဦးကို ဦးရှဥ့်ကျ ကျေးရွာသို့ စေလွှတ်ခဲ့သည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် တရားခံများ အဖြစ် စွပ်စွဲခံရသူများကို ဖမ်းဆီးရန် နေအိမ်များသို့ သွားရောက်၍ ရှာဖွေခဲ့သော်လည်း ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဦးရှဥ့်ကျ ကျေးရွာမှ ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးအာဘူတာဟဲရ် (အသက် ၃၁ နှစ်) သည် ပုဇွန်ကန် ပိုင်ရှင်ဖြစ်ပြီး၊ ဦးမိုဟာမတ်ဟာရှိမ်း (ဘ) ဦးအဒူဂေါ်နီ (အသက် ၄၃ နှစ်) သည် ငါးဖမ်းသမား တစ်ဦး ဖြစ်သည်။ ဦးမိုဟာမတ်ဟာရှိမ်းသည် ဦးအာဘူလ်ဟာရှိမ်း ပုဇွန်ကန်တွင် နေထိုင်သည့် အငှား ငါးဖမ်းသမား ဖြစ်ပြီး၊ ပုဇွန်ကန်သည် ကံပြင် ကျေးရွာဘက်တွင် တည်ရှိသည်။ နယ်ခြားစောင့်ရဲ များသည် ၎င်းတို့ အလိုရှိနေသည့် ရွာသားများကို မတွေ့သဖြင့် နောက်ဆုံးတွင် ကံပြင် ကျေးရွာဘက်သို့ သွားရောက်၍ ပုဇွန်ကန်တွင် အလုပ်လုပ်နေသည့် ဦးအာဘူလ်ဟာရှိမ်းနှင့် ဦးမိုဟာမတ်ဟာရှိမ်း တို့နှစ်ဦးကို ဖမ်းဆီး၍ နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ခေါ်ဆောင် သွားခဲ့သည်။ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် ဦးအာဘူလ်ဟာရှိမ်းထံမှ ငွေကျပ် နှစ်သိန်း ညှစ်၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ ငွေကြေး မတတ်နိုင်သည့် ဦးမိုဟာမတ်ဟာရှိမ်းကို ယခုအချိန်ထိ ဖမ်းဆီးထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus