နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံမှ ကင်းစခန်းမှူးနှင့် အဖွဲ့က ဒေသခံများကို ရိုက်နှက် ခြိမ်းခြောက်၍ ငွေညှစ်



MYARF
RB News
20.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ် နိုင်စိုးထွန်း၊ တပ်ဖွဲ့ဝင် တစ်ဦးနှင့် သတင်းပေး နုရ်ကာမာလ် (ခ) အောင်နိုင် တို့သည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ကြိမ်ချောင်းဈေးသို့ သွားရောက်၍ အရက်သေစာ သောက်သုံးကာ ည ၈း၃၀ နာရီ အချိန်တွင် စခန်းသို့ ပြန်သွားနေစဉ် ကြိမ်ချောင်းဈေးဟောင်း အနီးတွင် တွေ့ရှိသော ကြိမ်ချောင်း အလယ်ရွာမှ ဆီရာဇ် (ဘ) ဦးမာမတ်နော်ဆိမ်ကို ခေါ်၍ အကြောင်းမဲ့ လက်ထိပ်ခတ် ဖမ်းဆီးရန် ကြိုးစားခဲ့ရာ ဆီရာဇ်က ထွက်ပြေး သွားသဖြင့် လိုက်လံ ဖမ်းဆီးရန် ကြိုးစားသော်လည်း မမိခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကြိမ်ချောင်း လောင်းဒုံ ကြားရှိ လမ်းတစ်လျှောက်တွင် တွေ့ရှိသမျှ လမ်းသွားလမ်းလာ ရိုဟင်ဂျာ များကို စစ်ဆေးခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင်လည်း လောင်းဒုံ ကျေးရွာအုပ်စု ကြိုက်ချောင်းရွာမှ အာယာစ်ကို လမ်းမပေါ်တွင် စစ်ဆေးပြီး smart ဖုန်းကိုင်ဆောင်ခွင့် မရှိဟု ဆိုကာ ရိုက်နှက် ခြိမ်းခြောက်၍ ငွေကျပ် (၇) သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် စပယ်ကုံး ကျေးရွာမှ ရွာသား တစ်ဦးကို ကြိုက်ချောင်းရွာ လမ်းပေါ်တွင် စစ်ဆေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်းပေးကာ ဖမ်းဆီး ရိုက်နှက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။

Comment ရေးရန်

Rohingya Exodus