နောက်ဆုံးသတင်း/ဆောင်းပါးများ

GE တပ်တာဝန်ခံက တံတား ဆောက်ရန် ထားသည့် ကျောက်စရစ် ခိုးထုတ် ရောင်းချ



MYARF
RB News
10.2.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အနီးတ၀ိုက် ကျေးရွာများတွင် တံတား ဆောက်လုပ်ရန် GE ဆောက်လုပ်ရေးတပ်က စုဆောင်းထားသော ကျောက်စရစ် များကို ညောင်ချောင်း ဒေသတွင် တာဝန်ကျနေသည့် GE ဆောက်လုပ်ရေးတပ်မှ တာဝန်ခံက ဖရုံချောင်း ကျေးရွာအုပ်စု ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာထံ ကျောက်စရစ် ကားနှစ်စီးစာခန့် ခိုး၍ ရောင်းချခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် GE ဆောက်လုပ်ရေး တာဝန်ခံက ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ကျေးရွာတွင် တံတား ဆောက်လုပ်ရန် စုဆောင်းထားသည့် ကျောက်စရစ် များမှ Lifan ကားဖြင့် တစ်စီးစာ၊ ဂူတာပြင် ကျေးရွာအုပ်စု ငှက်ပျောချောင်း ကျေးရွာတွင် တံတား ဆောက်လုပ်ရန် စုဆောင်းထားသည့် ကျောက်စရစ် များမှ Lifan ကားဖြင့် တစ်စီးစာ၊ စုစုပေါင်း နှစ်စီးစာကို ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာထံ ရောင်းချခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ကျောက်စရစ် များကို ည ၈ နာရီခန့် အချိန်တွင် ဦးဆော်လီမူလ္လာ၏ အိမ်သို့ ကားဖြင့် ပို့ဆောင် ပေးခဲ့သည်။ ကာလတန်ဖိုးမှာ ကျပ် နှစ်သိန်း ကျော်ဖိုး ရှိသည်။ 

GE ဆောက်လုပ်ရေး တာဝန်ခံနှင့် ကျေးရွာ တာဝန်ခံတို့က ပစ္စည်းများ ခိုးယူရောင်းချခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာငွေများကို အလွဲသုံးစား ပြုလုပ်လျက် ရှိသည်။ တံတား ဆောက်လုပ်ရာတွင် ပစ္စည်းများ လိုသလောက် မသုံးဘဲ ပစ္စည်းများ ခိုးယူ ရောင်းချပြီး တံတားကို ပရမ်းပတာ ဆောက်လုပ်လျှင် တံတားများ တာရှည်မခံဘဲ စောစီးစွာ ပျက်စီး သွားနိုင်သည်။ အထက် အရာရှိကြီးများက စစ်ဆေးရန် လာလျှင် ရွာသားများက ခိုးယူခဲ့သည်ဟု ဆိုကာ ရွာသားများ အပေါ် အပြစ်ပုံချမည်ကို ရွာသားများက အထူး စိုးရိမ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus