နောက်ဆုံးသတင်း/ဆောင်းပါးများ

အစာရေစာ ပြတ်လပ်မှုကြောင့် ဒုက္ခသည် သားအမိ နှစ်ဦး သေဆုံး

အသက် (၁၁) နှစ် အရွယ် အဒူမူနာဖ် 

Rohingya Eye
RB News
20.3.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ် နတ်ချောင်းရွာမှ ဦးအဒူဇော်လိလ်၏ ဇနီး ဒေါ်ဟာဇာရာခါတူ (အသက် ၃၁ နှစ်) သည် မိသားစုဝင် (၆) ဦးနှင့် အတူ စစ်တွေမြို့ ပင်လယ်ပြင် ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်မှ နှစ်နှစ်ခွဲ ရှိပြီး ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ထောက်ပံ့မှုမှ မရသည့် အပြင် အမိုးအကာ မရှိဘဲ နေထိုင်ရကြောင်း သိရှိရသည်။ 

၎င်းတို့သည် ရိက္ခာဖူလုံမှု မရှိသည့် အပြင် အာလူးစား၍ အသက်ရှင် နေထိုင်လာရာမှ (၇) ရက်အကြာတွင် ဒေါ်ဟာဇာရာခါတူနှင့် အသက် (၁၁) နှစ်အရွယ် သားဖြစ်သူ အဒူမူနာဖ် တို့သည် ယနေ့ မတ်လ (၂၀) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားကြောင်း ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။ 

၎င်းတို့၏ မိသားစုဝင် (၇) ဦးတွင် ယခု (၄) ဦးသာ ကျန်ရှိနေပြီး၊ ယခင်ကလည်း တစ်ဦး အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

ဒုက္ခသည် အဖြစ် အစိုးရမှ အသိအမှတ်ပြုခြင်း မခံရသည့် ဒုက္ခသည် ၈၆၄၀ ဦးမှာ စားဝတ်နေရေး အတွက် အလွန်ပင် ဒုက္ခရောက်လျက် ရှိနေပြီး၊ ၎င်းတို့၏ စားဝတ်နေရေး အတွက် ပြည်တွင်း၊ ပြည်ပမှ ၀ိုင်းဝန်း ကူညီပေးရန် အထူး လိုလား တောင့်တလျက် ရှိကြောင်း အဆိုပါ ဒုက္ခသည်က ပြောပါသည်။

Comment ရေးရန်

Rohingya Exodus