နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပြင်ဆိပ်မှ နယ်ခြားစောင့်ရဲ များက ခရီးသည် တစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်



Rohingya Eye
RB News
19.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ သူဦးလာ ကျေးရွာမှ ဟာဖီးဇ် နူရူစလာမ် (အသက် ၄၂ နှစ်) သည် မတ်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ကားငယ် တစ်စီးဖြင့် မောင်တော မြို့ထဲသို့ သွားနေစဉ် လမ်းတစ်ဝက်၌ ကျောက်ပြင်ဆိပ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ရပ်တန့်ခိုင်းကာ ကားပေါ်မှ ခရီးသည်များကို ဆင်းခိုင်းပြီး စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးနေစဉ် ဟာဖီးဇ် နူရူစလာမ်၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးပြီး ဘင်္ဂလား ဆင်းမ်ကဒ်မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် ငွေကျပ် လေးသိန်းငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ကျောက်ပြင်ဆိပ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဒေသခံ ရိုဟင်ဂျာ များအား လူဆိုးလူမိုက်များ သဖွယ် လက်နက်ဖြင့် ခြိမ်းခြောက်၍ မကြာခဏ ဆိုသလို အမျိုးမျိုး စွပ်စွဲ၍ ငွေညှစ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို နယ်စပ် လုံခြုံရေး အတွက် တာဝန်ပေးအပ် ထားသော်လည်း လက်နက် အင်အားဖြင့် ငွေညှစ်နေသည်ကို အထက် အာဏာပိုင်များက အမြန်ဆုံး ထိရောက်စွာ အရေးယူပေးပါရန် ဒေသခံများက တောင်းဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus