နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များက လူငယ် တစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် (၃) သိန်း ညှစ်



MYARF
RB News
12.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း သီဟိုဠ်ကျွန်း (ယခင် ဘက္ကားဂုံးနား) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးထံမှ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၈) ရက်နေ့ ည ၁၀း၅၀ နာရီခန့် အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူး အပါအ၀င် ယူနီဖောင်းဝတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ (၃) ဦးတို့သည် ဦးရော်ရှိတ် (ဘ) ဦးကာလာမျာ (အသက် ၄၅ နှစ်) ၏ နေအိမ်သို့ အချိန်မတော် ၀င်ရောက် စစ်ဆေးပြီး နောက်ဆုံးတွင် ဘင်္ဂလား ဆင်မ်ကဒ် တစ်ကဒ် တွေ့ရှိသည်ဟု ဆိုကာ ဦးရော်ရှိတ်၏ ဆယ်ကျော်သက် အရွယ် သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွား၍ တစ်ညလုံး ချုပ်နှောင် ထားခဲ့သည်။ 

မတ်လ (၉) ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် လူငယ်၏ ဖခင်တို့သည် ကင်းစခန်းသို့ သွားရောက် စုံစမ်းမေးမြန်းရာ ငွေကျပ် (၅) သိန်းပေးမှသာ လွှတ်ပေးမည်ဟု ဖြေကြားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးရော်ရှိတ်၏ ဆင်းရဲနွမ်းပါးမှု အကြောင်း၊ ငွေကျပ် (၅) သိန်း ပေနိုင်သည့် အင်အား မရှိကြောင်း ပြောကြားသောအခါ စခန်းမှူးက ဦးရော်ရှိတ်၏ ဇနီး လည်ပင်းတွင် ရွှေဆွဲကြိုးနှင့် ခြံထဲတွင် နွားများ မြင်တွေ့ခဲ့သည်ဟု ဆိုခဲ့သည်။ နောက်ဆုံးတွင် ငွေကျပ် (၃) သိန်း ညှစ်ယူ၍ လူငယ်ကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus