နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံမှ ငွေကျပ် (၄) သိန်းညှစ်



MYARF
RB News
25.3.2016

ဘူးသီး​တောင်​ ။ ရခိုင်​ပြည်​နယ်​ ၊ ဘူးသီး​တောင်​ မြို့နယ်​​ တောင်​ပိုင်း ​ညောင်​​ချောင်း ​နယ်​ခြား​စောင့်​ ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည်​ ဖရုံ​ချောင်း ​ကျေးရွာအုပ်​စု၊ ဒိုးတန်းရွာ​မှ အပြစ်​မဲ့​ ဒေသခံ ရိုဟင်​ဂျာ (၄) ဦးကို ဖမ်းဆီး ချုပ်နှောင် ထိန်းသိမ်း၍ ​ငွေကျပ် (၄) သိန်း ညှစ်​ယူ ခဲ့သည်​ဟု သတင်း ရရှိပါသည်။

မတ်လ (၂၁) ရက်နေ့ ည (၉) နာရီခန့် အချိန်တွင် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့် တစ်ဦးတို့နှင့် အတူ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများပိုင် စိုက်ခင်းများ ဖျက်ဆီးခြင်း၊ နေအိမ်များသို့ ၀င်ရောက်၍ အိမ်သုံး ပစ္စည်းများ လုယက်ခြင်းနှင့် လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နှစ်ရက်ကြာ အချုပ်ခန်းထဲတွင် ချုပ်နှောင် ထားခဲ့ပြီး မတ်လ (၂၃) ရက်နေ့ နံနက် (၉) နာရီခန့် အချိန်တွင် ငွေကျပ် (၄) သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အလားတူ မတ်လ (၁၇) ရက်နေ့တွင် စေတီတောင် ဈေးသို့ ဈေးရောင်း သွားခဲ့သည့် တာဟဲရ် (ဘ) ဦးလာလ်မျာ (အသက် ၃၅ နှစ်) ကို အဆိုပါ နယ်ခြားစောင့်ရဲ များက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး သုံးရက်အကြာတွင် ငွေကျပ် (၂) သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။

Comment ရေးရန်

Rohingya Exodus