နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင်တွင် ဘင်္ဂလီ အမည်မခံဟု ဆိုကာ ယာယီ ခရီးသွားလက်မှတ် ထုတ်မပေး



RB News
6.3.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ဆင်ခုန်းတိုင် ကျေးရွာအုပ်စု၊ လွန်းတောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ ဖြစ်သည့် ဦးနိုင်လင်းကျော်နှင့် ဦးမောင်သန်းနိုင် တို့သည် ဘူးသီးတောင် မြို့နယ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုမည့် မောင်နှမ များကို စောင့်ရှောက်ပေးရန် သွားလို၍ သက်ဆိုင်ရာ မြို့နယ်မှ ယာယီ ခရီးသွား လက်မှတ် ထုတ်ယူရန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို မတ်လ (၅) ရက်နေ့က ဓါတ်ပုံများ ပေး၍ တောင်းခံရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းလှိုင်မှ ယာယီ ခရီးသွားလက်မှတ် လုံးဝ ထုတ်မပေးဟု ပြန်ကြားခဲ့သည်။ 

ယာယီ ခရီးသွား လက်မှတ် ထုတ်မပေးရခြင်း အကြောင်းရင်းကို အုပ်ချုပ်ရေးမှူးက မြို့နယ် လ.၀.က ဦးစီးအရာရှိကို မေးမြန်းခဲ့ရာ ယာယီ ခရီးသွား လက်မှတ် လျှောက်ထားသူ များမှာ ကျေးရွာ အုပ်စုတွင် မျက်နှာဖုံးများ ဖြစ်နေသည့် အပြင် ရိုဟင်ဂျာ အမည်ခံသူများ ဖြစ်ပြီး၊ ဘင်္ဂလီ အမည် မခံသောကြောင့် ထုတ်မပေးခြင်း ဖြစ်သည်ဟု ပြန်ကြားခဲ့ကြောင်း သိရသည်။ 

မြို့နယ် လ.၀.က ဦးစီးအရာရှိက ယာယီ ခရီးသွား လက်မှတ် ထုတ်မပေးသောကြောင့် ရောဂါ ဝေဒနာ ခံစားနေရသည့် ဝေဒနာရှင်များ ဆေးကုသခွင့် မရဘဲ အသက်ဆုံးရှုံးရသည်များ ရှိသည့်အပြင် အချို့မှာလည်း မိမိတို့ ဆေးကုသခွင့် မရဘဲ အသက်ဆုံးရှုံး ရမည်လားဟု စိုးရိမ်စိတ်နှင့် နေထိုင်နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus