နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ ရွာအချို့တွင် လွန်ခဲ့သည့် ၃ နှစ်ခန့်က ပြုပြင်ခဲ့သည့် အိမ်များကို ဖျက်မည်ဟု နယ်ခြားစောင့်ရဲက ပြော



MYARF
RB News
7.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အစွန်း ဒေသဖြစ်သည့် အောင်ဇူ ကျေးရွာ အခြေစိုက် အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးက ယခင်နှစ်နှစ်၊ သုံးနှဏ် အတွင်း ပြုပြင် မွမ်းမံခဲ့သည့် နေအိမ်များကို အထက်အမိန့်အရ ဖြိုဖျက်ပစ်မည် ဖြစ်ကြောင်း ဧပြီလ (၅) ရက်နေ့က ပြုလုပ်ခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေးတွင် ပြောဆို ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သို့ဖြစ်၍ ခမောင်းဆိပ်၊ လှိုင်သီ၊ အောင်ဇံ စသည့် ကျေးရွာများတွင် ဧပြီလ (၅) ရက်နေ့မှ စ၍ ယခင်က မွမ်းမံခဲ့သည့် နေအိမ်များ၏ စာရင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ကောက်ခံလျက် ရှိကြောင်း၊ ထို့ကြောင့် အိမ်ခြေ ရာပေါင်းချီ စာရင်းတွင် ပါသွားကြောင်း၊ မိုးရာသီကျမည့် ဆဲဆဲ ကာလတွင် နေအိမ်များကို ဖြိုဖျက်လိုက်လျှင် ထောင်ပေါင်းများစွာ မရှိဆင်းရဲသားများ အလွန်ပင် ဒုက္ခရောက်မည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ၀မ်းနည်းကြေကွဲစွာဖြင့် RB News သို့ပြောသည်။


Comment ရေးရန်

Rohingya Exodus