နောက်ဆုံးသတင်း/ဆောင်းပါးများ

လယ်သမား ၁၀၀ ဦးခန့်၏ ပုဇွန်ကန် များကို ရွာသား တစ်ဦးက ငွေအင်အားဖြင့် သိမ်းဆည်း လုပ်ကိုင်



RB News
12.4.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာမှ လယ်သမား ၁၀၀ ဦးခန့်က ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည့် ပုဇွန်ကန် ဧက ၁၀၀ နီးပါးကို ယင်းကျေးရွာသား တစ်ဦးက အာဏာပိုင်များ အားကိုးဖြင့် အတင်းအဓမ္မ လုပ်ကိုင် နေသဖြင့် လယ်သမားများမှာ ၀မ်းစာ အတွက်ပင် ခက်ခဲလာနေကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု၊ ဖက်လိပြင်ရွာမှ လယ်သမား ၁၀၀ ဦးခန့်သည် ၎င်းတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည့် ပုဇွန်ကန်များတွင် လုပ်ကိုင် စားသောက်ခွင့် ဆုံးရှုံးလျက် ရှိသည်။ ၎င်းတို့နှင့် တစ်ရွာတည်းနေ ဦးမာမတ်အာမီးန် (ဘ) ဦးနာဇိရ်ဟူဆောင်းက နှစ်စဉ်နှစ်တိုင်း ငွေအင်အားဖြင့် သက်ဆိုင်ရာ မြို့နယ်ခွဲ အုပ်ချုပ်ရေးနှင့် ကျေးရွာ အုပ်ချုပ်ရေး တို့ကို လာဘ်ငွေ အမြောက်အမြား ပေးကာ အတင်းအဓမ္မ လုပ်ကိုင်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ပုဇွန်ကန်များကို ဦးကာမာလ် (ဘ) ဦးဒိလ်မာမတ်၊ ဦးအစ္စမိုင်လ် (ဘ) ဦးဒိလ်မာမတ်၊ ဦးရှောမ်ရှုဟူဒါ (ဘ) ဦးဇာဂိရ်ဟူဆောင်း၊ ဦးဇာဂိရ်ဟူဆောင်း (ဘ) ဦးကာလာဆန် အပါအ၀င် (၁၀၀) ဦးခန့်က ပိုင်ဆိုင်ပြီး ငှားရမ်းခပင် တစ်နှစ်လျှင် သိန်းတစ်ရာကျော် ရှိသဖြင့် လွန်စွာ ဆုံးရှုံးနေရသည်ဟု ဆိုသည်။ ပုဇွန်ကန်များမှာ ကွင်းအမှတ် ၃၅/က တွင် တည်ရှိသည်ဟု သိရသည်။

Comment ရေးရန်

Rohingya Exodus