နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲနှင့် ကျေးရွာ တာဝန်ခံ ပူးပေါင်း၍ ရွာသားများ ထံမှ ငွေညှစ်



Rohingya Eye
RB News
19.4.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များနှင့် အတူ ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ ဦးရှာအာလောမ်တို့ ပူးပေါင်း၍ ဒုချီးရားတန်း အနောက်ရွာသို့ ဧပြီလ (၁၃) ရက်နေ့ ည (၈) နာရီ အချိန်တွင် သွားရောက်ပြီး ရွာသား အချို့ကို ခြိမ်းခြောက် အကျပ်ကိုင်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မာမတ်ရော်ဖိခ် (ဘ) ဦးဆွေတာလောမ် (အသက် ၂၅ နှစ်) နှင့် ဦးအေဆာန် (ဘ) ဦးအီလီယာစ် (အသက် ၃၅ နှစ်) တို့ကို ကျေးရွာ တာဝန်ခံက ကျေးရွာ တာဝန်ခံရုံးသို့ ဆင့်ခေါ်သည်ကို လာရောက်ခြင်း မရှိသည့် အပေါ် တာဝန်ခံ ဦးရှာအာလောမ်အား မထီမဲ့မြင် ပြုလုပ်သည်ဟု စွပ်စွဲ၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ညဘက်၌ ရွာအတွင်း ကင်းစောင့်နေသည့် လူငယ် လေးဦးကို ကင်းစောင့်ရန် အချိန် နောက်ကျသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့သည်။

အောက်ဖော်ပြပါ လူငယ် (၄) ဦးထံမှ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ငွေညှစ်ခံရသည့် လူငယ် ၄ ဦးမှာ --

(၁) နော်ဇိမ်း (ဘ) ဦးတူဖိုက်လ် (အသက် ၂၁ နှစ်)
(၂) အလီဟူစိန်း (ဘ) ဦးကာလာမျာ (အသက် ၂၅ နှစ်)
(၃) ရော်ရှိတ်အာမတ် (ဘ) ဦးဒေါလ္လာ (အသက် ၂၀ နှစ်) နှင့် အခြား တစ်ဦးတို့ ဖြစ်သည်။

အဆိုပါ လူငယ် ၄ ဦးသည် ထင်းခုတ် / ထင်းရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ၎င်းတို့သည် ဆင်းရဲချို့တဲ့သူများ ဖြစ်ပြီး မတရားသဖြင့် ငွေညှစ်ခဲ့ရခြင်းသည် နယ်ခြားစောင့်ရဲ များနှင့် တာဝန်ခံ ဦးရှာအာလောမ်တို့ အပေါ် အလွန် နာကျင်စရာ ဖြစ်နေကြောင်း ရွာသား တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus