နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပွဲစား၏ ကားဖြင့် ရန်ကုန်သို့ သွားနေသည့် ရိုဟင်ဂျာ လူငယ်များ မြေပုံတွင် အဖမ်းခံရ

RB News
6.5.2016

မြေပုံ
။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်မှ ရန်ကုန်သို့ ရခိုင်လူမျိုး ပွဲစား၏ ကားဖြင့် သွားနေသည့် ရိုဟင်ဂျာ လူငယ် (၁၄) ဦးကို မြေပုံမြို့နယ်မှ အာဏာပိုင်များက မေလ (၄) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ဖမ်းဆီးရန် ကြိုးစားခဲ့ရာ (၃) ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ ကျန်သည့် (၁၁) ဦး ထွက်ပြေး လွတ်မြောက် သွားကြောင်း သတင်း ရရှိပါသည်။

ဖမ်းဆီးခံရသည့် လူငယ် (၃) ဦးကို အာဏာပိုင်များက အနီးအနားရှိ ရခိုင်လူမျိုး အိမ်တစ်အိမ်တွင် ကြိုးဖြင့် ချည်နှောင်၍ ထားခဲ့ပြီး ထိုမှတဆင့် မြေပုံ ရဲစခန်းသို့ ခေါ်ဆောင်သွားကာ နယ်ကျော်မှုဖြင့် တရားစွဲဆို၍ ချုပ်နှောင် ထားကြောင်း သိရှိရသည်။

အဆိုပါ လူငယ်များကို ရခိုင်လူမျိုး ပွဲစားမှ ရန်ကုန်တွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု ဆိုကာ ငွေကျပ် ဆယ်သိန်းခန့်စီ ယူ၍ ခေါ်ဆောင် သွားနေခြင်း ဖြစ်သည်။

လူငယ် (၃) ဦးကို ဖမ်းဆီး၍ ရခိုင်လူမျိုး အိမ်တစ်အိမ်တွင် ထားရှိချိန်တွင် ရခိုင်လူမျိုးများက ဓါတ်ပုံများ ရိုက်ယူခဲ့သည်။ ယခုအခါ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို မလိုလားသူ အချို့က အဆိုပါ လူငယ်များသည် ရခိုင်ရွာထဲသို့ ခိုးဝင်သည်၊ ရခိုင် အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်ရန် ၀င်ရောက် လာခြင်း ဖြစ်သည်ဟု ဆိုကာ ဆိုရှယ်မီဒီယာမှ တဆင့် ၀ါဒဖြန့်လျက် ရှိသည်။

ထိုကဲ့သို့ မဟုတ်မမှန် ၀ါဒဖြန့်မှုကြောင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြားနိုင်သဖြင့် တာဝန်ရှိ အာဏာပိုင်များက အမြန်ဆုံး မှန်ကန်သည့် သတင်းကို ထုတ်ပြန်ပေးရန် ရိုဟင်ဂျာ ပြည်သူများက အထူး လိုလားနေကြသည်။

သတင်းနှင့် ဓါတ်ပုံများကို Peace Muhammad Arkani မှ ပေးပို့သည်။





Comment ရေးရန်

Rohingya Exodus