နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တောမှ ဒုက္ခသည် တစ်ဦးကို ရခိုင်အစွန်းရောက် များက ဓါးဖြင့်ခုတ်



RB News
7.5.2016

ပေါက်တော
။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် (၄) ဦးသည် မေလ (၄) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် လှေငယ် တစ်စီးဖြင့် ငါးဖမ်းရန် ထွက်ခွာလာရာ နံနက် ၁၁ နာရီခန့် အချိန်တွင် ပုဏ္ဏာကြီး ရခိုင်ရွာမှ ရခိုင်အစွန်းရောက် ၁၅ ဦးခန့်က ဓါးရှည်များ၊ မြှားများကိုင်ဆောင်၍ ရိုဟင်ဂျာ ဒုက္ခသည် (၄) ဦး၏ လှေငယ်ကို ၀န်းရံ၍ တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်နေစဉ် အတွင်း လှေပေါ်မှ (၃) ဦး ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း ဦးဘော်ရှီရ်အာမတ် (ဘ) ဦးဂူရာမျာ (အသက် ၅၀ နှစ်) မှာ ရခိုင်အစွန်းရောက် များ၏ ဓါးဖြင့် ခုတ်ခြင်းကို ခံခဲ့ရသည်။ ရခိုင်အစွန်းရောက် များက ၎င်း၏ ဦးခေါင်းကို ဓါးဖြင့် ခုတ်ပြီးနောက် “မင်းကို ငါတို့ မသတ်ဘူး၊ မင်းကို ငါတို့ အသက်ရှင်ခွင့် ပေးမယ်၊ ဒါပေမယ့် မင်းရဲ့ လူတွေကို ပြောလိုက်၊ ဧည့်သည်တွေ၊ တရားမ၀င် ရောက်လာသူတွေက ဒီမှာ အလုပ်လုပ်လို့ မရဘူး၊ ဧည့်သည်လိုပဲ နေရမယ်” ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဦးဘော်ရှီရ်အာမတ်သည် ဓါးဒဏ်ရာဖြင့် သတိလစ်သွားခဲ့ပြီး၊ ပေါက်တော ဒုက္ခသည် စခန်းမှ ဒုက္ခသည်များက ၎င်းကို နေ့လည် (၃) နာရီ အချိန်တွင် ပြန်လည် သယ်ဆောင် လာခဲ့ကြောင်း ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။

သတင်းနှင့် ဓါတ်ပုံကို Peace Muhammad Arkani မှ ပေးပို့သည်။


Comment ရေးရန်

Rohingya Exodus