နောက်ဆုံးသတင်း/ဆောင်းပါးများ

NLD အစိုးရက ရိုဟင်ဂျာများရဲ့ အခွင့်အရေးကို ကာကွယ်ပေးသင့်



RB News
17.5.2016

ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် အချိန်တွင် လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများ ပြန်လည် အရှိန်တက်လာနေသည့် အနေအထားကို တွေ့မြင်နေရသည့် အတွက် စိုးရိမ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်သည် သမိုင်းကြောင်းကို မကြည့်ဘဲ လူမျိုးရေး မုန်းတီးမှုကိုသာ ပြသနေပြီး အခြေအမြစ် မရှိသော စကားများသာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီးမှ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် အကာအကွယ်မဲ့ ဖြစ်နေသည့် ရိုဟင်ဂျာများ၏ မူရင်းနေရာကို လုံခြုံရေး တာဝန်ယူပေးရန် လိုအပ်ကြောင်း၊ အစိုးရ အနေဖြင့် ရိုဟင်ဂျာများကို အရေးတကြီး လုံခြုံရေး ပေးရန် လိုအပ်ကြောင်း တို့ကို လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (BROUK) ဥက္ကဌ ဦးထွန်းခင်က RFA မြန်မာပိုင်းနှင့် မေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်း နေသည့်အချိန်တွင် လူမျိုးစု တစ်စုကို သုတ်သင် ရှင်းလင်းနေသည့် အခြေအနေ တစ်ခု ဖြစ်နေခြင်းသည် နိုင်ငံအတွက် အလွန် ရုပ်ဆိုး အကျည်းတန်နေကြောင်း၊ ဥပဒေဖြင့် ရိုဟင်ဂျာများကို အကာအကွယ် ပေးရန်၊ ရိုဟင်ဂျာ အမည် သုံးနှုန်းခွင့် ပေးရန်၊ ရိုဟင်ဂျာသည် မူရင်း ဌာနေ တိုင်းရင်းသား ဖြစ်သည့် အလျောက် ၎င်းတို့ ဆုံးရှုံးနေသည့် နိုင်ငံသား အခွင့်အရေး၊ ခရီးသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများ အမြန်ပြန်လည် ပေးအပ်ရန်၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းလေးသောင်းကျော် တို့ကို မူရင်းနေရာတွင် ပြန်လည် နေရာချထားပေးရန်နှင့် စားနပ်ရိက္ခာ ပိတ်ဆို့ တားဆီးမှုများကို အမြန်ဖယ်ရှား ပေးရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံချိန်စံနှုန်းဖြင့် ကိုက်ညီအောင် ပြင်ဆင်ပေးရန် တို့ကို NLD အစိုးရက အမြန်ဆုံး တာဝန်ယူ ဖြေရှင်း ပေးရန် တို့ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။



Comment ရေးရန်

Rohingya Exodus