နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ ဘာသာရေး မူကြိုကျောင်း တစ်ကျောင်းကို ဖျက်ရန် ခရိုင်မှ အမိန့်ချ

ကွမ်းသီးပင် ကျေးရွာမှ ဘာသာရေး မူကြိုကျောင်း (ဓါတ်ပုံ - MYARF / RB News)

MYARF
RB News
1.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ကွမ်းသီးပင် ကျေးရွာမှ ဘာသာရေး မူကြိုကျောင်း တစ်ကျောင်းကို ဖျက်ဆီးပစ်ရန် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အမိန့်ထုတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

“ခရိုင် ထွေ/အုပ် က မေလ (၁၅) ရက်နေ့ လောက်မှာ ဂေါပကတွေကို ဆင့်ခေါ်ပြီး အဲဒီမူကြိုကျောင်းကို မေလ (၃၁) ရက်နေ့ နောက်ဆုံး ထားပြီး ဖျက်ခိုင်းတာ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကွမ်းသီးပင် ကျေးရွာအုပ်စု အလယ်ရွာမှ ရာအိမ်မှူး ဦးမူဖိစ်သည် ယခုနှစ် အစောပိုင်းတွင် ကျင်းပခဲ့သည့် ကျေးရွာ ရွေးကောက်ပွဲ ကာလတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအတွင်းချေ ကို လာဘ်ငွေ နှစ်သိန်း ပေး၍ ရာအိမ်မှူး ရာထူးရယူခဲ့ကြောင်း၊ ထိုစဉ်ကပင် ဆင်းရဲသားများကို နည်းမျိုးဖြင့် အနိုင်ကျင့်ခြင်း၊ ငွေညှစ်ရန် ကြိုးစားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အလှည့်ကျ ကင်းစောင့် တာဝန်ပေးခံရခြင်းမှ ကင်းလွတ်ခွင့် ရမည်ဟု ဆိုကာ မိသားစု တစ်စုလျှင် ငွေကျပ် ၁၅၀၀၀/- စီ တောင်းခံခဲ့ကြောင်း၊ ရွာသားများက ၎င်းတောင်းခံခဲ့သည့် ငွေများကို မပေးသဖြင့် မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ အထက် ဖော်ပြပါ ဘာသာရေး မူကြိုကျောင်းကို သက်ဆိုင်ရာမှ ခွင့်ပြုချက် မရရှိဘဲ မွမ်းမံသည်ဟု မဟုတ်မမှန် သတင်းပေးခြင်းကြောင့် ဖျက်ဆီးပစ်ရန် ယခုကဲ့သို့ အမိန့်ချခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus