နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာတစ်ဦးကို အမည်မသိ လူစိမ်း အစွန်းရောက် တစ်ဦးက လေးခွဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရ

RB News
15.6.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ဆင်ခုန်းတိုင် ကျေးရွာအုပ်စု၊ လွန်းတောင်ရွာမှ ဆော်လိမ် (ဘ) ဦးနူရူဆလာမ်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦး ဖြစ်ပြီး၊ ဆင်ခုန်းတိုင် ကျေးရွာအနီးရှိ ဘူးသီးတောင် မြို့နယ် စပါးထား (ရခိုင်) ရွာတွင် လခစား အလုပ်လုပ်ကိုင်လျက် ရှိသည်။

၎င်းသည် လယ်ကွင်း၌ ဇွန်လ (၁၅) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် လယ်ထွန် နေစဉ် တောထဲမှ ရုတ်တရက် လူစိမ်းတစ်ဦး ထွက်လာပြီး လေးခွဖြင့် ပစ်ခတ်ခဲ့သည်။ ၎င်းအား လေးခွ လောက်စလုံး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ ၎င်းနှင့် အတူ လယ်ထွန်နေသော ဒေသခံ ရိုဟင်ဂျာ (၅) ဦးက ဆင်ခုန်းတိုင် ကျေးရွာသို့ ခေါ်ဆောင်လာပြီး ဆေးကုသပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လေးခွနှင့် ပစ်ခတ်ခဲ့သူမှာ အစွန်းရောက် တစ်ဦး ဖြစ်ပြီး၊ ရိုဟင်ဂျာများက ရခိုင်ရွာတွင် ငြိမ်းချမ်းစွာ အတူတကွ လုပ်ကိုင် စားသောက်နေသည်ကို အခဲမကျေ ဖြစ်ကာ ပစ်ခတ်ခြင်း ဖြစ်ပြီး၊ ၎င်းက “နောက်နေ့ ရခိုင်ရွာမှာ တွေ့ရင် အသေသတ် ပစ်မယ်” ဟု ကြုံးဝါး သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။





(ဓါတ်ပုံ - လေးခွဖြင့် ပစ်ခတ်ခံရသူ) 

Comment ရေးရန်

Rohingya Exodus