နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းပြား၌ မင်္ဂလာဆောင် သွားနေသူများထဲမှ လူငယ် (၃) ဦးကို ဖမ်းဆီး၍ ငွေညှစ်



Rohingya Eye
RB News
18.6.2016

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မြောက်ပိုင်း၊ တောင်ကြီးပြောင်း (စိမ်းဂရီးဖာရာ) ကျေးရွာမှ ဦးဟာဆောင်း (ဘ) ဦးမော်နူမျာ၏ ဒုတိယမြောက်သား အတွက် သတို့သမီး ခေါ်ဆောင်လာရန် ဇွန်လ (၁၃) ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်တွင် မင်္ဂလာဧည့် ပရိသတ် (၂၂) ဦးနှင့် မြောက်ဦးမြို့နယ်၊ အရှေ့ပိုင်း ပေါင်းတုတ်ကျေးရွာရှိ ဦးအာယုပ် (ဘ) ဦးမော်နူဇော်မာ (အသက် ၅၃ နှစ်) ၏ နေအိမ်သို့ စက်လှေဖြင့် သွားနေစဉ်၊ မင်းပြားနှင့် မြောက်ဦး တံတားအနီး၊ မြောင်းဘွယ် ရဲကင်းစခန်းရှေ့တွင် စစ်ဆေးခံခဲ့ရသည်။ ထိုသို့ စစ်ဆေးနေစဉ် မင်္ဂလာဧည့် ပရိသတ် (၂၂) ဦးထဲမှ မမိနာရာဘေဂမ် (ဘ) ဦးဟာလူမျာ (အသက် ၂၃ နှစ်) ထံမှ ဖိနပ်တစ်ရံ၊ ခေါင်းခြုံပုဝါ တစ်ခုနှင့် မိုဘိုင်းဖုန်း တစ်လုံး လုယက်ခဲ့သည်။ ၎င်းက ပြန်တောင်းသည့် အခါ ကင်းစခန်းထဲသို့ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်သဖြင့် ပြန်မတောင်းရဲတော့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့နောက် မင်္ဂလာဧည့် ပရိသတ်ထဲမှာ လူငယ် (၃) ဦးကို ကင်းစခန်းမှ ရဲများက ဖမ်းဆီးထားပြီး ကျန်သည့်လူများကို သွားခွင့်ပြုခဲ့သည်။

ရဲများက ဖမ်းဆီးထားသည့် လူငယ် (၃) ဦးကို ပြန်လွှတ်ပေးရန် ငွေကျပ် (၆) သိန်း တောင်းခံခဲ့ရာ၊ တောင်းကြီးပြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက အာမခံပေးသဖြင့် အဆိုပါ လူငယ် (၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။ ရဲများတောင်းသည့် ငွေများကို ဇွန်လ (၁၄) ရက်နေ့ နံနက် (၁၀) နာရီတွင် ပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

ဖမ်းဆီးခံရသည့် လူငယ် (၃) ဦးမှာ --

(၁) ဦးမာမတ်ဆာဒဲခ် (ဘ) ဦးမာမတ်တာဟဲရ် (အသက် ၃၅ နှစ်)
(၂) ဦးမာမတ်နူရ် (ဘ) ဦးမာမတ်တာဟဲရ် (အသက် ၂၅ နှစ်)
(၃) ဦးအုမောရ်ဟာကိမ်း (ဘ) ဦးဆီရာဇူလ်ဟောက် (အသက် ၃၅ နှစ်) -- တို့ဖြစ်ပြီး ၎င်းတို့သည် ငွေရေးကြေးရေး အဆင်မပြေသူများ ဖြစ်ကြသည်။

အဆိုပါ ကင်းစခန်းကို ဖြတ်ကျော်သွားလျှင် ငွေကျပ် ငါးရာစီ ပေးနေရသည့် အပြင် ရဲများက ဒေသခံများကို နည်းမျိုးစုံဖြင့် နှောက်ယှက် ပေးနေသည့် ကင်းစခန်း တစ်ခုဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus