နောက်ဆုံးသတင်း/ဆောင်းပါးများ

လုပ်ကြံ တိုင်တန်းမှုကြောင့် သီဟိုဠ်ကျွန်းမှ မိသားစု တစ်စု ဒုက္ခရောက်လျက်ရှိ



MYARF
RB News
10.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း (ယခင် ဘက္ကားဂုံးနား) ကျေးရွာမှ ဦးမူဇဲရ်သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ တဖက်သတ် ဆုံးဖြတ်ချက်ကြောင့် ရွှေ ၃ ကျပ်သား နီးနီး ပေးလျော်ရမည် ဖြစ်သဖြင့် တိမ်းရှောင်နေသည်လား (သို့မဟုတ်) မဟုတ်မတရား တရားပြိုင်နေကြသည့် ဦးအီမာန်ဟူစိန်း၏ လက်ချက်ကြောင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပြီလားဟု မိဘနှစ်ပါးက စိုးရိမ်မကင်း ဖြစ်နေကြောင်း ဒေသခံများက RB News သို့ပြောသည်။

သီဟိုဠ်ကျွန်း ကျေးရွာမှ ဦးမူဇဲရ် (ဘ) ဦးဆွေယာဒ်နူးရ်သည် မောင်နှမကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် လက်ထပ် ထိမ်းမြားရန် စေ့စပ်ထားခဲ့ပြီး၊ မင်္ဂလာဆောင်ပွဲကို လွန်ခဲ့သည့် မေလ (၁၇) ရက်နေ့က ကျင်းပရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း စေ့စပ်ထားသည့် မိန်းကလေး ဖြစ်သူ မဒိလ်ကာယာစ်က နောက်တစ်ဦးနှင့် လက်ထပ်ရန် စီစဉ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ မောင်တောမြို့နယ် (၃) မိုင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ စခန်းမှ တပ်ဖွဲ့ဝင် (၅) ဦးသည် ၎င်းနှင့် အတူ လိုက်လာ၍ ဖြစ်ရပ်မှန်ကို စုံစမ်းဖော်ထုတ်ခြင်း မရှိဘဲ ဦးမူဇဲရ် အနေဖြင့် မဒိလ်ကာယာစ်အား ရွှေ (၃) ကျပ်သား နီးပါးကို နှစ်ရက်အတွင်း ပေးလျော်ရမည်ဟု တဖက်သတ် ဆုံးဖြတ်ခဲ့သည်။ ပေးလျော်ရမည့် ရွှေကို မပေးမချင်း လက်ထပ်ခွင့် မပြုရန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို နယ်ခြားစောင့်ရဲ များက မှာကြားခဲ့ပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို အာမခံ ခဲ့ခိုင်းသည်။ ဦးမူဇဲရ်သည် ဆင်းရဲနွမ်းပါးသူ ဖြစ်၍ ရွှေ (၃) ကျပ်နီးပါးကို ပေးလျော်နိုင်ရန် အင်အား မရှိကြောင်း ဒေသခံများက ပြောပါသည်။

ယင်းနေ့မှစ၍ ဦးမူဇဲရ်သည် ရွာမှ ပျောက်ဆုံးသွားပြီး ရွှေ (၃) ကျပ်သားနီးပါး ပေးလျော်ရမည်ကို ကြောက်၍ တိမ်းရှောင်သွားသည်လား သို့မဟုတ် လုပ်ကြံ သတ်ဖြတ်ခံရပြီလားဟု မိဘနှစ်ပါးနှင့် ရွာသူရွာသား များက စိုးရိမ်နေကြသည်။ တရားလိုအဖြစ် တိုင်တန်းခဲ့သူ မဒိလ်ကာယာစ်၏ ဖခင်ဖြစ်သူက “ဒီကောင့်ကို ငါ့သမီးလည်း မပေးဘူး၊ သူ့ကို လွှတ်ပေးမှာလည်း မဟုတ်ဘူး” ဟု ကြုံးဝါးခဲ့ကြောင်း၊ မေလ (၃၁) ရက်နေ့က အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဦးမူဇဲရ်၏ နေအိမ်သို့ သွားရောက်ကာ မိဘများကို အိမ်မှ နှင်ထုတ်ခဲ့ပြီး အိမ်ကို သော့ခတ် သိမ်းထားကြောင်း၊ ယခုအခါ ဦးမူဇဲရ်၏ မိဘများမှာ ဆွေမျိုးများ၏ အိမ်တွင် နေထိုင်နေရကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus