နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူ အခြေစိုက် စစ်တပ်က ဒေသခံများထံမှ ဆက်ကြေးသဖွယ် ကောက်ခံလျက်ရှိ



Rohingya Eye
RB News
10.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများသည် မောင်တောမြို့ပေါ်မှ ဆန်အိတ်များ သယ်ယူလာလျှင် ကျောက်ပန္ဒူ၊ ဟိုက်ဒေါရ်ဂူန္နား အခြေစိုက် စစ်တပ်စခန်းမှ ဆန်တစ်အိတ်လျှင် ငွေကျပ် ငါးရာစီ ကောက်ခံလျက် ရှိသည်။ ထို့အပြင် ကားတစ်စီး ဖြတ်သန်းခ ငွေကျပ် တစ်ထောင်စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယင်းရွာမှ ဦးအီလီယာစ် (ဘ) ဦးဟာဘီအုလ္လာ (အသက် ၄၅ နှစ်) သည် မြို့ထဲမှ ဘတ်စ်ကားဖြင့် ဆန် (၁၀) အိတ် သယ်ယူလာရာ အဆိုပါ စစ်တပ်စခန်းမှ ငွေကျပ် လေးထောင် အတင်းအဓမ္မ ယူခဲ့သည်။

အစိုးရသစ်က အဂတိတရား ကင်းသည့် အစိုးရ တစ်ရပ်ဖြစ်ရမည်ဟု ပြည်သူလူထုကို ကတိပေးထားသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ယခုအချိန်ထိ ဆက်ကြေးသဖွယ် ကောက်ခံလျက် ရှိနေသည်မှာ ၀မ်းနည်းစရာပင် ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။


Comment ရေးရန်

Rohingya Exodus