နောက်ဆုံးသတင်း/ဆောင်းပါးများ

ကင်းချောင်းမှ နယ်ခြားစောင့်ရဲ များက မုဆိုးမ တစ်ဦးထံမှ ငွေကျပ် နှစ်သိန်း ညှစ်



MYARF
RB News
21.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကင်းချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင် သုံးဦးက ရိုဟင်ဂျာ မုဆိုးတစ်ဦးထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်ခန့်တွင် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ဖွဲ့ဝင် (၃) ဦးသည် ၎င်းတို့၏ သတင်းပေး၊ အလယ်ချောင်း ကျေးရွာမှ ကေဖာယာတ်အုလ္လာ (ဘ) မော်လ၀ီ ရော်ရှိဒုလ္လာနှင့် အတူ မုဆိုးမ ဒေါ်အုမ္မေဟာဘီဘာ (ဘ) ဦးအူလာမျာ (အသက် ၃၅ နှစ်) ၏ နေအိမ်သို့ အိမ်ခြံဝင်း နောက်ဖေး ၀ါးထရံ ခြံစည်းရိုးကာများ ရိုက်ချိုး၍ ၀င်ရောက်ပြီး ခြံဝင်းထဲတွင် သစ်ခွဲနေသည့် အလုပ်သမား (၃) ဦးနှင့် အိမ်ရှင်အမျိုးသမီး (မုဆိုးမ) တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ယင်းနေ့တွင်ပင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မုဆိုးမ ဒေါ်အုမ္မေဟာဘီဘာအိမ်တွင် အလုပ်သမားများက စီးပွားရေး ရည်ရွယ်ချက်ဖြင့် သစ်ခွဲနေခြင်း မဟုတ်ဘဲ အိမ်ရှိ အပင်ငယ် တစ်ပင်ခုတ်ပြီး အိမ်၌ အသုံးပြုရန်သာ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ နယ်ခြားစောင့်ရဲ များက အကြောင်းမဲ့ ငွေညှစ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus