နောက်ဆုံးသတင်း/ဆောင်းပါးများ

မောရ၀တီရှိ ခမရမှ ဒု-တပ်ရင်းမှူးက ဒေသခံများ ထံမှ ငွေညှစ်လျက်ရှိ



MYARF
RB News
8.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မောရ၀တီ (န.တ.လ ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်းမှ တာဝန်ခံ ဒု-တပ်ရင်းမှူးသည် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို အနှောက်အယှက်ပေးခြင်း၊ မတရားသဖြင့် ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မေလ (၂၄)ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်ခန့်တွင် သ၀န်ချောင်း ကျေးရွာမှ ဦးဖိရ်မာမတ် (ဘ) ဦးနော်ဇူမျာ သည် မောင်တောမြို့မှ ဆိုင်ကယ်တစ်စီးဖြင့် ပြန်သွားနေစဉ် မောရ၀တီ တပ်စခန်းသို့ ရောက်သောအခါ ဒု-တပ်ရင်းမှူးနှင့် အဖွဲ့က ၎င်းအား ရပ်တန့်ခိုင်းပြီး ငွေညှစ်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောသည်။ ထိုနည်းတူ ယင်းစခန်းနားမှ ဖြတ်သန်းသမျှ ကုန်တင်ကားနှင့် ဘတ်စ်ကားများ၊ သုံးဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး အကြောင်းအမျိုးမျိုး ပြကာ ခရီးသည်များထံမှ ငွေညှစ်ခြင်း၊ စကားကုန်ပစ္စည်းများ လုယူခြင်းများကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေသည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောပါသည်။ 

မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်း ၅၆၄ မှ တာဝန်ခံ တပ်ရင်းမှူးသည် လူတော်လူကောင်း တစ်ဦး ဖြစ်ပြီး၊ ကညင်တန်း ကျေးရွာသို့ ပြောင်းရွှေ့လာသည့်နေ့မှ စ၍ ယခုတိုင်အောင် မည်သို့မှ မတော်မတရား ပြုလုပ်ခြင်း၊ ငွေညှစ်ခြင်း၊ မတရားအနိုင်ကျင့်ခြင်းများ ပြုလုပ်သည်ဟူ၍ မရှိသောကြောင့် ၎င်း၏ လက်အောက်ငယ်သား များက ယခုကဲ့သို့ သောင်းကျန်းနေသည်ကို သိပါလျက် မသိဟန်ဆောင် နေမည် မဟုတ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ထို့ကြောင့် မောရ၀တီ စခန်း တာဝန်ခံက ယခုကဲ့သို့ သောင်းကျန်း နေသည်ကို အချိန်မှီ ဟန့်တား အရေးယူပေးမည်ဟု ဒေသခံများက မျှော်လင့် နေကြသည်။

Comment ရေးရန်

Rohingya Exodus