နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင်မှ ဒေသခံ တစ်ဦးကို နွားရုံ မီးရှို့သည်ဟု စွပ်စွဲ၍ ရိုက်နှက် ငွေညှစ်



MYARF
RB News
12.6.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အောက်နန့်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့၏ သတင်းပေး ဗန္ဓုလ ဆိုသူက အပြစ်မဲ့ လူငယ်တစ်ဦးကို နွားရုံတစ်ရုံ မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ထိုးကြိတ် ရိုက်နှက်ခဲ့သည့် အပြင် ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

“အမှန်အတိုင်း ပြောရမယ်ဆိုလို့ ရှိရင် ဒါက ပေါ့ဆမီးလို့ လူအများက ပြောနေကြတယ်။ ပြီးတော့ ဒီကောင်လေးက လူတွေနဲ့ စကားအပိုမပြောတတ်တဲ့ လူရိုးလူကောင်း တစ်ယောက်ပါ။ အဲလိုကောင်လေးက နွားရုံ မီးရှို့ဖျက်ဆီး ပစ်တယ်ဆိုတာ လုံးဝ ယုံနိုင်စရာ အကြောင်းမရှိဘူး” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဇွန်လ (၂) ရက်နေ့ မွန်းလွှဲပိုင်းတွင် အောက်နန့်ရာ ကျေးရွာမှ နယ်ခြားစောင့်ရဲ များ၏ သတင်းပေး ဗန္ဓုလ (ဘ) ဦးအဒူဆလင်ပိုင် နွားရုံတစ်ရုံ မီးလောင်ပျက်စီးခဲ့သည်။ ထိုမီးလောင်မှုနှင့် ပတ်သက်၍ နွားရုံ ပိုင်ရှင်ဖြစ်သူ ဗန္ဓုလက ယင်းကျေးရွာမှ ဒိလ်မာမတ် (ဘ) ဦးစိုးဘီးကို သက်သေမရှိဘဲ မတရားသဖြင့် စွပ်စွဲပြစ်တင်ပြီး လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စေတီပြင် အခြေစိုက် နယ်ခြားစောင့်ရဲများ ခေါ်ဆောင်လာပြီးမှ လွှတ်ပေးခဲ့သည်။ ထို့နောက် ညနေ (၄) နာရီခန့်တွင် မတရားစွပ်စွဲခံရသူ ဒိလ်မာမတ်ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ထပ်မံ ဖမ်းဆီးခေါ်ဆောင်လာပြီး ထပ်မံ ရိုက်နှက်ပြီး ငွေကျပ် တစ်သိန်း ညှစ်ယူပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus