နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် အုပ်ချုပ်ရေးမှူး ရုံးမှ လူဦးရေ စာရင်း ကောက်ခံပြီး လူမျိုးအမည်ကို စိတ်တိုင်းကျ ရေးသားနေ



RB News
15.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်တွင်း လူဦးရေ စာရင်း ပြုစုပြီး လူမျိုးအမည် နေရာတွင် တာဝန်ကျ စာရေးများက ၎င်းတို့ စိတ်တိုင်းကျ ရေးသွင်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

“ကျွန်တော်တို့ ဘူးသီးတောင် ထွေအုပ်က မြို့နယ်တွင်း လူဦးရေ စာရင်း ပြုစုပြီး တာဝန်ကျ စာရေးတွေက လူမျိုးအမည် နေရာမှာ ဘင်္ဂါလီလူမျိုး၊ ကုလားလူမျိုး ဆိုပြီး နှိမ့်ချပြီး သူတို့ ရေးချင်တဲ့ ပုံစံအတိုင်း စိတ်တိုင်းကျ ရေးသွင်းနေတာ တွေ့ရတယ်၊ ပြီးတော့ ဌာနဆိုင်ရာတွေကလည်း လူမျိုးရေးအရ အလွန်ကို ခွဲခြား ဆက်ဆံတာတွေ၊ နှိမ့်ချ ဆက်ဆံတာတွေ အရမ်းလုပ်နေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဒေသခံများ အနေဖြင့် အစိုးရသစ် ပြောင်းလဲ သွားပြီ ဖြစ်၍ ယခင် အစိုးရ လက်ထက်က ကဲ့သို့ ခွဲခြား ဆက်ဆံနေခြင်း၊ နှိမ့်ချ ဆက်ဆံနေခြင်း၊ ယခုကဲ့သို့ မဟုတ်သည့် လူမျိုးအမည်များကို ၀န်ထမ်းများ စိတ်တိုင်းကျ ဖြည့်သွင်းနေခြင်း တို့ကို အစိုးရ အကြီးအကဲများက လမ်းညွန်၍ ဟန့်တားပေးပါရန် တောင်းဆိုကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus