နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဦးလှဖေ ကျေးရွာတွင် မူလွန်ကျောင်း ယခုအချိန်ထိ ဖွင့်လှစ်ခြင်း မရှိသေး



RB News
21.6.2016

ဘူးသီးတောင် ။ ။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အခြေခံပညာ စာသင်ကျောင်း များကို ဇွန်လ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပြီး ပညာသင်ကြား နေပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဦးလှဖေ ကျေးရွာရှိ မူလတန်းလွန်ကျောင်းကို ယခုအချိန်ထိ ဖွင့်လှစ် သင်ကြားခြင်း မရှိသေးကြောင်း သတင်း ရရှိပါသည်။

ဦးလှဖေ ကျေးရွာရှိ မူလတန်းလွန် ကျောင်းတွင် ကျောင်းသား/သူ ဦးရေ ၅၆၀ ခန့် ရှိပြီး၊ ကျောင်းအုပ်ကြီး တစ်ဦး အပါအ၀င် ဆရာ/မ (၅) ဦး ရှိသည်။ ဆရာ/မ များ၏ ပျက်ကွက်မှုကြောင့် ၂၀၁၂ ခုနှစ်မှ စ၍ ရွာခန့် ဆရာများဖြင့်သာ ကျောင်းသား/သူ များကို ပညာသင်ကြား ပေးခဲ့ရသည်။ ယခုအခါ ဆရာ/မ တစ်ဦး တစ်ယောက်မှ လာရောက်ခြင်း မရှိသလို ကျောင်းအုပ်ကြီးလည်း လာရောက်ခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ကျောင်းသား/သူ များကို ကျောင်းလက်ခံခြင်း မရှိကြောင်း၊ ကျောင်းလည်း ဖွင့်လှစ်ထားခြင်း မရှိကြောင်း၊ အခြားသော ကျေးရွာများတွင် ကျောင်းများ ဖွင့်၍ ကျောင်းသား/သူ များ ပညာသင်ကြား နေပြီ ဖြစ်သော်လည်း ဦးလှဖေ ကျေးရွာမှ ကျောင်းသား/သူများ ပညာသင်ကြား နိုင်ခြင်း မရှိသေးကြောင်း၊ မြို့နယ် ပညာရေးမှူး ရုံးမှလည်း စီစစ်ခြင်း မရှိကြောင်း အဆိုပါ ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus