နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇော်မတက်မှ နယ်ခြားစောင့်ရဲ များက လုယက်၊ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်



Rohingya Eye
RB News
10.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာ တံတားအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဇွန်လ (၇) ရက်နေ့ ည (၇) နာရီအချိန်တွင် သံဒါကျေးရွာသို့ သွားနေစဉ် လမ်းတစ်ဝက်တွင် မော်လ၀ီမော်ဂျီအူလ္လာ (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၃၆ နှစ်) အားတွေ့ရှိပြီး လမ်း၏ တစ်နေရာသို့ ခေါ်ဆောင်သွားပြီး ၎င်း၏ အိတ်ထဲတွင် ပါလာသော ငွေများအပါအ၀င် လက်နှိပ်ဓါတ်မီးကိုပါ လုယက်၍ ပြန်လည် လွှတ်ပေးခဲ့သည်။

သံဒါရွာမှ ဦးမာမတ်ဆလာမ် (ဘ) ဦးမာမတ်ဆိဒိတ် (အသက် ၃၆ နှစ်) နှင့် ဦးဟာရှိမ်းမူလ္လာ (ဘ) ဦးမူခ်တာရ်အာမတ် (အသက် ၃၂ နှစ်) တို့ကိုလည်း အကြောင်းမဲ့ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့နှစ်ဦးကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဦးဟာရှိမ်းမူလ္လာ၏ ရင်ဘတ်ပေါ်တွင် ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့သည် နောက်ဆုံး မတတ်သာတော့၍ ငွေကျပ် နှစ်သိန်း ပေးမှ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဦးဇော်ဝင်းက စစ်ဆေးရာတွင် ရိုက်နှက်ခြင်း မပြုလုပ်ရန် အမိန့်ထုတ်ထားသော်လည်း အဆိုပါ အမိန့်ကို နယ်ခြားစောင့်ရဲ များက လိုက်နာခြင်း မရှိဘဲ ဒေသခံ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။ ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်နေခြင်းများ ရပ်တန့်သွားရန် အထက်အရာရှိများ အနေဖြင့် အချိန်မှီ အရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus